39

5.3K 275 52
                                    

Unicode

ဒီနေ့က တနင်္ဂနွေနေ့။ မောင် အိမ်မှာ အနားယူသည့်ရက်ဖြစ်ပါသည်။

ကျောင်းပိတ်ရက်ဖြစ်သော်လည်း Boraလေးက သင်တန်းရှိသည်မို့ သင်တန်းသွားရသည်။

အစိမ်းရောင်မွေ့ရာပေါ်က တင်ပါးလုံးလုံးလေးကို ဖွဖွ ပုတ်လိုက်ပြီး

" ဂျေဂျေလေးရေ ထတော့လေ "

" နား မိနစ် ပါးပါး "

Tae Hyung က ဂျေဂျေလေး၏ တင်ပါးလုံးလုံးလေးကို ထပ်မံ၍ ဖွဖွ ပုတ်လိုက်ပြီး

" စျေးမဆစ်နဲ့! ထတော့။ ဒယ်ဒီနဲ့ပါးပါးက shopping ထွက်မို့။ ဂျေဂျေလေးက မလိုက်ဘူးလား? "

ဆတ်ခနဲ ထောင်လာသည့် ခေါင်းလုံးလုံးလေးကို ကြည့်ပြီး ကိုယ် ကြိတ်ပြုံးမိသည်။

Shopping ထွက်ရမယ်ဟေ့ ဆိုလျှင် Jeon J Hyung တို့က ထိပ်ဆုံးက ဖြစ်သည်။ အခုလည်း အိပ်မှုန်စုံမွှားလေးက ချက်ချင်းပင် ငုတ်တုတ်လေး ထထိုင်လာပါသည်။ မျက်လုံးများကလည်း ကြည်လင်ဝင်းပနေပါသည်။

Shopping ထွက်ကြရာ၌ လက်ညှိုးတစ်ထိုးထိုး၊ စကားမပီတပီများဆို၍ တောက်လျှောက်ပူဆာရသည်ကို ဂျေဂျေလေး အကြိုက်ဆုံးဖြစ်သည်။

မောင်ကလည်း သားကို အလိုလိုက်လွန်းသည်။ လက်ညှိုးညွှန်ရာ အကုန်ဝယ်ပေးသည်။

ကိုယ်က မောင့်ကို တို့ခနဲဆိတ်ခနဲလုပ်၍ တားမြစ်ပါသော်လည်း မောင်က လေချိူသွေး၍ ကိုယ့်ကို ချော့သည်။ " သားလေး လိုချင်တာမှန်သမျှ ဝယ်ပေးလိုက်ရအောင် အသက်ရယ်၊ မောင်က အဲ့လောက်နဲ့ မွဲသွားမှာမှ မဟုတ်ပဲ " တဲ့။

" ပါးပါး..တဂယ်ပဲ ချောပင်ထွက်မှာယား? "

ဂျေဂျေလေး၏ ငှက်သိုက်လေးလို ရှုပ်ပွနေသည့် ဆွဲဖွလိုက်ပြီး

" တကယ်ပါဗျာ "

" ပါးပါး မညာနက်ညော် "

ကိုယ်က ဂျေဂျေလေးကို နှိုးလို့မရလျှင် 'ဒယ်ဒီနဲ့ ပါးပါးက shoppingထွက်တော့မှာနော်' လို့ ညာနှိုးနေကျ ဖြစ်နေတော့ သူလေးက သိပ်မယုံချင်တော့။

" ပါးပါး မညာပါဘူးနော်။ ဒီနေ့ တကယ် shopping ထွက်မှာ။ ပြီးရင် မမ Boraကို သင်တန်းဝင်ကြိုပြီး အပြင်မှာ နေ့လည်စာအတူတူစားကြမှာ "

Together With You [ Completed ]Where stories live. Discover now