45

5.5K 300 69
                                    

Unicode

" ပါးပါး "

" အင်း ပြော "

Tae Hyung က ဧည့်ခန်းထဲ၌ တီဗီထိုင်ကြည့်နေတုန်း ဂျေဂျေလေးက Tae Hyung ဘေးသို့ စွေ့ခနဲ ဝင်ထိုင်လိုက်ပြီး Tae Hyung ဝတ်ထားသည့် အင်္ကျီလက်ရှည်၏ လက်မောင်းနေရာက အင်္ကျီစလေးကို ဖွဖွလေးဆွဲ၍ လှမ်းခေါ်လိုက်၏။

Tae Hyung က ပြန်ထူးသံပြုပါသော်လည်း ဇာတ်ကားကြည့်နေရလျှင် ဇာတ်ကားထဲ မျောပါသွားပြီး ဘေးပတ်ဝန်းကျင်ကို အာရုံမရှိတတ်သူမို့ ဂျေဂျေလေးကို နည်းနည်းတောင် ပြန်မကြည့်ပါ။

" ပါးပါး! ဂျေဂျေ့ကို ကြည့် .. ဂျေဂျေ အရေးတကြီးပြောစရာရှိလို့ "

ထိုအခါမှသာ Tae Hyung က တီဗီscreenပေါ်မှ အကြည့်ခွာလိုက်ပြီး ဘေး၌ ပုံ့ပုံ့လေးလာထိုင်ကာ အရေးတကြီးပြောစရာရှိပါတယ်ဆိုသော ဂျေဂျေလေးကို အသေအချာစိုက်ကြည့်၏။

" ကဲ ပြော..ဘာပြောမလို့လဲ? "

" ဂျေဂျေ ကျောင်းကားမစီးချင်တော့ဘူး ပါးပါး..အိမ်က ကားနဲ့ပဲ သွားချင်တယ် "

မောင်က ဂျေဂျေလေးအတွက် ကားတစ်စီး၊ ဒရိုင်ဘာအသစ်တစ်ယောက် စီစဥ်ပေးပြီး ကျောင်းကို ပို့ခိုင်းသည်။ ၂ ရက်လောက်ကြာတော့ အိမ်ကကားနဲ့ မဟုတ်ပဲ သူငယ်ချင်းတွေနဲ့ အတူတူ ကျောင်းကားစီးချင်ပါတယ် ဆိုတော့ မောင်က သူ့အတွင်းရေးမှူးလေးကို ကလေးကျောင်းကားအထိ စီစဥ်ခိုင်းရတယ်။

ကျောင်းကားစီးနေတာ ၂ ပတ်ကျော်လောက် ရှိနေပြီကို၊ အခုကျမှ ကျောင်းကားမစီးချင်တော့ဘူးလို့ ဆိုလာပြန်တယ်။

" ဘာလို့လဲ? ကျောင်းကားက အဆင်မပြေဘူးလား? ကျောင်းကားပေါ်က လူတွေက အနိုင်ကျင့်ကြလို့လား ငါ့သားလေးကို...ပြော ပါးပါးကို အကုန်ပြော "

Tae Hyung က စိတ်ပူစိတ် ဝင်လာပြီး ခပ်မြန်မြန် ဆိုလာတော့ ဂျေဂျေလေးက ခေါင်းလုံးလုံးလေးကို အလျင်အမြန် ခါပြီး

" အနိုင်ကျင့်တယ်လို့လည်း မဟုတ်ပါဘူး..ဟူး "

အဆုံးသတ်မှာ လူကြီးလေးလို သက်ပြင်းချတယ်။ ဒါပေမယ့် လေကို ဒီအတိုင်း ရိုးရိုး မှုတ်မထုတ်ပဲ ပါးကို ဖောင်းပြီး နှုတ်ခမ်းလေးကို စူပြီးမှ လေမှုတ်ထုတ်လိုက်တာမို့ ငါးပူတင်းငါးလေးလို။

Together With You [ Completed ]Where stories live. Discover now