Unicode
နေ့ခင်းနေလည် အသက်က တရေးတမော အိပ်တတ်သည်မို့ အသက် အိပ်နေတုန်း စာကြည့်ခန်းထဲသို့ ဝင်ကာ အလုပ်ကိစ္စများကို ခန လှန်လှောကြည့်နေမိသည်။
ခနပဲ ကြည့်မည်ဟု ဆုံးဖြတ်ထားပေမယ့် အလုပ်မှာ ခေါင်းနှစ်ပြီးလျှင် အချိန်နာရီများကို မေ့သွားတတ်သူမို့ သတိရ၍ နာရီလှမ်းကြည့်မိတော့ အသက် အိပ်ရာနိုးတော့မည့်အချိန်ရောက်နေလေပြီ။
လုပ်လက်စများကို ဒီအတိုင်း ချန်ထားခဲ့ပြီး စာကြည့်ခန်းမှ ထွက်၍ အိပ်ခန်းသို့ ဝင်လာလိုက်လေတော့ ကုတင်ပေါ်၌ အသက်က ရှိမနေပါ။
Boraလေးအခန်းမှာလည်း ရှိနေမည်မထင်ပါ။ ဒီအချိန်က Boraလေးရဲ့ online classတက်သည့်အချိန်ဖြစ်သည်မို့။
အပေါ်ထပ်မှာ မရှိတာ သေချာသည်မို့ အောက်ထပ်သို့ ဆင်းရတော့သည်။
ထမင်းစားပွဲဝိုင်း၌ ဇလုံတစ်လုံးကို ဇွန်းတပ်၍ ထမင်းလုတ်များကို အားရပါးရ သွတ်သွင်းစားသောက်နေသည့် ဗိုက်ပူလေးကို တွေ့လိုက်ရသည်။
ဒီတစ်လုတ်စားပြီးမှပဲ ခေါ်လိုက်ပါတော့မည်လေ၊ မဟုတ်လျှင် ပါးစပ်ထဲ အစာရှိနေရင်းတန်းလန်း လန့်သွားပါဦးမည်။
တစ်လုတ်ပြီး၍ နောက်တစ်လုတ်ကို သွတ်သွင်းရန် ဇွန်းနှင့်သပ်နေလေတုန်း
" အသက် "
လှည့်ကြည့်လာသည့် မျက်လုံးညိုလေးများ။ နှုတ်ခမ်းနားတစ်ဝိုက်၌လည်း ငရုတ်သီးအနှစ်အနီလေးများဖြင့် ပေပွနေသေးသည်။
" မောင်! ငါ..ငါလေ "
ထုံးစံအတိုင်း ထိုကဲ့သို့ အစချီလာပြန်သည်။
" အင်း..အသက်က ဘာဖြစ်သလဲ? "
" အိပ်ရာနိုးလာတော့ ထမင်းသုပ်စပ်စပ်လေးကို မတအား မတအား စားချင်လာလို့ "
စပ်နေသည်မို့ စကားများက ပြတ်တောင်းပြတ်တောင်း။ နှုတ်ခမ်းနုနု၊ ပါးနှစ်ဖက်အထိပါ အစပ်ရှိန်ကြောင့် ရဲရဲနီနေတော့သည်။
ရေခဲသေတ္တာထဲမှ သိပ်မအေးလွန်းလှသော ရေတစ်ဘူးကိုယူကာ ဖန်ခွက်ထဲ ထည့်၍ အသက်ရှေ့သို့ ချပေးလိုက်လေတော့ စပ်နေသူလေးက ရေကို တဂွက်ဂွက် မော့ချပါတော့သည်။
YOU ARE READING
Together With You [ Completed ]
FanfictionOnly for you [Season-2] Start-22.10.2022 End- 19.4.2024