Unicode
ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်သည်။
Boraလေး၏ လွယ်အိတ်ကို လျှော်ပေးရန်အတွက် Tae Hyungသည် Boraလေး၏ အခန်းထဲသို့ ခပ်သွက်သွက်လေး တိုးဝင်လာသည်။
စာရေးစားပွဲခုံ၌ စာရေးနေသည့် သမီးဖြစ်သူကို ကြည့်ရင်း ပြုံးမိသွားသည်။ လိမ္မာလွန်းသည့် သူ့သမီးလေးက စာလုပ်ရဖို့ကိုလည်း မပျင်း၊ သူ့အသိစိတ်လေးနဲ့သူ စာကို ကြိုးကြိုးစားစားလုပ်သည်။
လွယ်အိတ်တွေပဲ ထည့်ထားသည့် ဗီဒို ခရမ်းရောင်လေးကို Tae Hyung က ဆွဲဖွင့်လိုက်သည်။အစီအရီရှိနေသည့် လွယ်အိတ်အလုံး ၂၀ ခန့်ကို ကြည့်ရင်း Tae Hyung က မကျေနပ်သလို၊ သဘောမကျသလို နှာတစ်ချက် မှုတ်သည်။
ထို့နောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်က
"မောင်က ပိုက်ဆံအရမ်းဖြုန်းတာပဲ။ လွယ်အိတ်က အလဲအလှယ်လုပ်လို့ရအောင် နှစ်အိတ်သုံးအိတ်လောက်ဆို တော်ပြီပေါ့။ အခုတော့ ခရမ်းရောင်လွယ်အိတ်တွေ့တိုင်း ဝယ်ပစ်တော့တာပဲ"
Tae Hyung က ပိုက်ဆံအရမ်းနှမြောတတ်သည်။ငယ်စဥ်ကလည်း အမေဖြစ်သူနှင့် မပြည့်မစုံနေခဲ့ရသည်။Jungkook အိမ်သို့ ရောက်ပြီး ခနတာ ပြည့်ပြည့်စုံစုံနေခဲ့ရသည်ဖြစ်သော်လည်း ထပ်မံ၍ ဦးလေးလီနှင့် ခြစ်ခြစ်ကုတ်ကုတ်နေခဲ့ရပြန်သည်။
ထို့ကြောင့် ပိုက်ဆံကို လွန်စွာတန်ဖိုးထားသည်။အနည်းငယ်လေး သုံးပစ်လိုက်ရမည်ကိုတောင် နှမြောလွန်းသည်။
အခုလို ချမ်းသာပြည့်စုံတဲ့ ဘဝတစ်ခုမှာ အခြေကျနေထိုင်နေရသည်ဖြစ်သော်လည်း ထိုနှမြောစိတ်လေးက ပျောက်ကွယ်မသွားပါ။
Tae Hyung သည် ဗီဒိုထဲမှ လွယ်အိတ်အသစ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။ထို့နောက် လွယ်အိတ်တင်သည့် ခုံပေါ်၌ ရှိနေသည့် လျှော်ရမည့် လွယ်အိတ်အဟောင်းကို ယူ၍ အသစ်ကို တင်လိုက်သည်။
လွယ်အိတ်အဟောင်းထဲမှ စာအုပ်များကို အပြင်သို့ ခပ်မြန်မြန် ထုတ်ပစ်လိုက်သည်။
ထိုစဉ် စာအုပ်များကြားမှ ထွက်ကျလာသည့် လိပ်ခေါက်ထားသော ခရမ်းရောင် စာလေးတစ်စောင်။
![](https://img.wattpad.com/cover/323120908-288-k856032.jpg)
YOU ARE READING
Together With You [ Completed ]
FanfictionOnly for you [Season-2] Start-22.10.2022 End- 19.4.2024