42

4.7K 282 85
                                    

Unicode

" အသက်ကတော့ ဘာဝတ်ဝတ်ကို ကြည့်ကောင်းနေတော့တာဗျာ "

ပွဲတက်ရမည့် ညမို့ အမရှယ်လီ ချုပ်ပေးထားသော suitကို ဝတ်ထားပါသည်။ မောင်က ကိုယ့်ကို မြင်သည်နှင့် ချီးကျူးစကားဆိုလေတော့ နေရခက်စွာပဲ ဂုတ်ပိုးကို ဖွဖွပွတ်နေမိတော့သည်။

အမရှယ်လီ ချုပ်ပေးနေကျလို မောင်နဲ့ကိုယ်နဲ့က အရောင်တူပြီး ဒီဇိုင်းလေးအနည်းငယ်သာကွဲသော မီးခိုးရောင် suitကို ဝတ်ဆင်ထားကြပါသည်။

" ငါက ကြည့်ကောင်းတာမဟုတ်ပဲနဲ့ အမရှယ်လီလို နာမည်ကြီး ဒီဇိုင်နာချုပ်ပေးထားတဲ့ အဝတ်အစားကြောင့်ဖြစ်မယ် "

" ဟင့်အင်း! "

မောင်က ခပ်ဆတ်ဆတ်  အငြင်းတစ်ချက်ပြုပြီးနောက် ကိုယ့်အနားသို့ လျှောက်လာပါသည်။

မျက်နှာချင်းဆိုင် အနေအထား၌ ကိုယ့်ခါးကို ဆတ်ခနဲ ဆွဲဖက်လိုက်သည်မို့ မောင်နဲ့ကိုယ့်ကြား၌ ကြားလေတိုး၍ မဝင်နိုင်လောက်အောင် နီးကပ်သွားတော့သည်။

" အဝတ်အစားကြောင့်သာ ကြည့်ကောင်းရကြေးဆို မင်းက ဘာမှမဝတ်ထားတာတောင် ကြည့်ကောင်းနေတာကို မင်းဘယ်လို ငြင်းချက်ထုတ်မလဲ အသက် "

" ဟာ ! မောင်ကလဲဗျာ ! "

ရှက်တွန့်တွန့်ပြောလာသည့် အသက်ရဲ့ အသံနုနုက နားထောင်၍ မဝချင်စရာ။

ရှက်စိတ်ကြောင့် ပါးနှစ်ဖက်ကလည်း အနီရောင်ပန်းပွင့်ချပ်လေးနှစ်ခုအလား။ နားဖျားနုနုတွေအထိပါ ရဲတွတ်နေတော့တာပင်။

အသက်က ချစ်စရာကောင်းအောင် ရှက်တတ်လိုက်တာ။

ယောက်ျားတစ်ယောက် မခို့တရို့ ရှက်နေဟန်က ဤမျှလောက်အထိ အသည်းဘဝင်ကို လှုပ်ကိုင်နိုင်စွမ်းရှိမည်ဟု သူ မထင်ခဲ့ပါ။ အသက်မို့လို့သာ ဖြစ်ပေမည်။

ခေါင်းကို စောင်းငဲ့၍ အသက်ရဲ့ နားသယ်စလေးကို ဖိနမ်းလိုက်ပြီး

" သွားကြတော့မလား အသက်? "

" မောင်! ဟိုရောက်ရင် မောင် ငါ့အနားမှာပဲ ရှိနေမယ်မလားဟင်? "

" ရှိနေမှာ။ ပြီးတော့လည်း အသက်ကိုပဲ တစိမ့်စိမ့်ကြည့်နေမှာ "

Together With You [ Completed ]Where stories live. Discover now