''ဘာ... မင်းက ဘာမဟုတ်တဲ့မင်းမေရဲ့စကားကိုနားယောင်နေတယ်ပေါ့"
"ဘာကို ဘာမဟုတ်တာလဲ.
ခင်ဗျား မှာ အ့လိုပြောပိုင်ခွင့်မရှိဘူး
မေမေက ဘာဖြစ်နေလို့လဲ "
မေမေကို ထိရင် သူမခံနိုင်ဘူး နေရောင် ဒေါသတွေ
ပိုတိုး၍ထွက်လာလေသည်"အေး မင်းလဲ မင်း လုပ်ချင်ရာလုပ်
ငါမင်းကို ငါ့သားလို့မသတ်မှတ်ဘူးကွ""အဟက် ဘယ်သူကရော ခင်ဗျားကို အဖေလို့သတ်မှတ်နေလို့လဲ
ကျေနာ်အခုလာတယ်ဆိုတာ အသိလာပေးတာ
ခင်ဗျား ကို ၃နှစ် အချိန်ပေးမယ် ကုမ္ပဏီကို အ့၃နှစ် အတွင်း ခင်ဗျားစိတ်ကြိုက်ခြယ်လှယ်ပိုင်ခွင့်ရှိတယ် ခင်ဗျားစိတ်ကြိုက်လုပ်ချင်သလိုလုပ် ကျေနာ်ကရှယ်ယာရှင်အနေနဲ့ပဲရှိနေမယ်
၃နှစ်ပြည့်လို့ ကျနော်ပြန်လာရင် မေမေထားခဲ့တဲ့အတိုင်း ပိုင်ဆိုင်မှုတဝက်ကို ကျနော် လွှဲပြောင်းယူမယ်"ဦးမင်းရောင် မျက်ခုံးတဖက်ပင့်သွားသည်
"ငါက မပေးနိုင်ဘူး ဆိုရင် ကော"
"တရားဥပဒေအတိုင်းပဲပေါ့ "
နေရောင် နှုတ်ခမ်းတဖက်မဲ့ပြပြီးထွက်လာခဲ့လိုက်သည်ကျနော် ဆုံးဖြတ်ချက်တစ်ခုချပြီးသွားပြီ
မေမေ မဆုံးခင်က အဖြစ်စေချင်ဆုံး ဆန္ဒ
မေမေက ပြောတယ် ငါ့သား သာ ကျောင်းဆရာလေးဖြစ်ရင် သိပ်ကောင်းမှာပဲ တဲ့
မေမေ ရာ ကျနော် ဝါသနာ မပါပါဘူးပြောတော့
တသက်လုံး မဟုတ်ဘဲ မေမေ့တွက် ခဏလောက်ပဲဖြစ်ဖြစ်ပေါ့ စဉ်းစားကြည့်ပါအုံးတဲ့အင်း ကျနော် စဉ်းစားလိုက်တာ အချိန်အတော်ကြာသွားတယ်
မေမေမရှိတော့မှ မေ့မေ့ဆန္ဒတွေက လေးနက်လာတယ်ထင်ပါရဲ့..............
"သေချာသွားပြီလား နေရောင်... "
ရဲမာန်က လေးလေးနက်နက်မေးသည်"အင်း ငါလုံးဝ ဆုံးဖြတ်ပြီးပြီ "
နေရောင်က အနည်းငယ် ညှိုးငယ်တဲ့မျက်နှာနဲ့ပြန်ဖြေသည်"အင်းပါ... မင်းက စေတနာ့ ဝန်ထမ်းဘဲလုပ်မှာဆိုတော့ ငါကသေချာအောင်မေးကြည့်တာပါ...အ့အတွက်ကတော့ ဘာမှ မပူနဲ့ကွာ ငါတာဝန်ကျတဲ့ရွာကိုပဲလိုက်ခဲ့ မီးတော့ မရသေးဘူးကွာ ဖြစ်တယ် မလား"