✨part9

294 17 0
                                    

"နေရောင် ရေသွားချိုးရအောင်ကွာ မိုးရာသီရောက်ပေမယ့် ပူနေတုန်း အိုက်နေတုန်းပဲကွာ "
ရဲမာန်က ပုဆိုးကို ပုခုံးပေါ်တင်လျက်ပြောပြီး အောက်ထပ်ဆင်းသွားသည်
နေရောင်လဲ အင်္ကျီနဲ့လုံချည်ယူပြီးလိုက်လာသည် အောက်ရောက်မှ

"ငါ ဘုံပိုင်လိုက်မချိုးတော့ဘူးကွာ "

"ဟ မင်းက ဘယ်သွားချိုးမလို့တုန်း "

"ယံ တို့အိမ်လေ သူတို့အိမ်ကရေတွင်းလေးက အေးမြနေတာပဲ ကံကောင်းရင် ထမင်းလက်ဆုံလေးပါစားချင်သေးတာ ဟဲဟဲ  "

"အမယ် မင်းတို့က တော်တော်အဆင့်တတ်နေပြီလား ငါကူညီစရာမလိုတော့ဘူးပေါ့လေ"

"မဟုတ်ပါဘူးကွာ ခုမှ ပိုးတုန်းပန်းတုန်းပါ"

နေရောင်လဲ အိမ်ကထွက်လာကာ.ယံတို့အိမ်ဘက်ခြေဦးလှည့်လိုက်သည် ရောက်ခါနီး မှ

"ဆရာလေး ဘယ်သွားမလို့လဲ "

"အော် ပန်ဆု ဆရာ ရေသွားချိုးမလို့
ကိုကြီးပင်မြင့်ယံတို့အိမ်  "

"ရွာထိပ်ကဝေးလို့လား သမီးတို့အိမ်လာချိုးလေ သမီးတို့အိမ်လဲ ရေတွင်းရှိတယ် "

ပန်ဆုက ၃တန်းက နေရောင်ကိုင်တဲ့အတန်းကမို့ ၃တန်းကလေးတွေက ရဲမာန်ထက် နေရောင် ကို ပိုချစ်ကြသည်

ချစ်ရသူဆီသွားမလို့ပါဆို ခုတော့ ဘယ်နှယ့်လုပ်ရပါ့

"အင်း အဲ ဟို ဆရာနောက်နေ့မှ လာချိုးလှည့်မယ်လေနော် ဆရာလုပ်စရာလေးလဲ ရှိလို့သွားလိုက်အုံးမယ် နော် သမီး "

ပန်ဆုကို သေချာပြောကာ ခပ်သွက်သွက်လှမ်းခဲ့လိုက်သည်

ခြံထဲလှမ်းကြည့်လိုက်တော့ အိမ်ရှေ့ကွပ်ပြစ်မှာ
ပင်မြင့်စံက စာထိုင်လုပ်နေသည် အဘကိုတော့ မတွေ့မိ

"ပင်မြင့်စံ အိမ်မှာ လူကြီးတွေရှိလား "

"ဟုတ် ကိုကိုက ရေဆွဲနေတယ် အဘက တောကပြန်မလာသေးဘူး "

နေရောင် ခဏခဏလာလွန်းလို့ ခလေးတောင် သိပ်ရေးကြီးခွင်ကျယ်လုပ်မနေတော့ပါ.

"ယံ ရေတွေဆွဲနေတာလား ကိုယ်ကူပေးရမလား"

"ဟင် ဘာလာလုပ်ပြန်တာလဲ "

ရွှေညာမြေက မောင့်ဖူးစာWhere stories live. Discover now