ရွာငယ်လေးရဲ့အလှူဆိုပေမယ့် စည်ကားသိုက်မြိုက်စွာရှိလှသည်
တရွာလုံး သိုက်သိုက်ဝန်းဝန်းကူညီရိုင်းပင်းကြသည် တာဝန်ကိုတော့ ဆရာတော်က အလှည့်ကျခွဲဝေပေးထားသည်
ထမင်းချက်ဟင်းချက်က သပ်သပ်
ပန်းကန်ထုတ် ပန်းကန်ဆေး ပန်းကန်သိမ်း
ထမင်းကျွေး ဧည့်ခံ စသည်များကို လစ်ဟင်းမှာမရှိအောင်သေချာစီမံပေးထားသည်
ရပ်နီးရပ်ဝေးလာကြသောဧည့်သည်များရွာနီးချုပ်စပ်က ဧည့်သည်များမှာလဲ ကျောင်းနှင့်အပြည့်
အလှူ စာရင်းခုံကိုတော့ နေရောင်နှင့်ရဲမာန်ကထိုင်ရသည်တဖွဲဖွဲလာနေကြတဲ့ဧည့်သည်တွေထဲ မျှော်နေသူကရောက်မလာ သေချာပေါက်ပြင်ဆင်လာတဲ့ရုပ်လေးကိုမြင်ချင်မိတာအမှန်ပါ
ဖင်တကြွကြွဖြစ်ကာ ခေါင်းကလဲတောင်အီအီ မြောက်အီအီလျှောက်ကြည့်နေမိသည်
"ဘယ်လို ဖြစ်နေတာလဲ ဂနာကိုမငြိမ်ဘူး သူများအလှူမှာ "
ရဲမာန်ငေါက်လိုက်တော့လဲ မျက်နှာကြီးရှုံ့ပြီးငြိမ်သွားပြန်သည်
"ထွေးငယ် ကျုပ်ပြောတဲ့ဆရာလေးဆိုတာ ဟောဟိုမှာ လေ "
"ဟယ် ဟုတ်ပါ့ နောက်ရောက်တဲ့ဆရာလေးကတယ်ချောသကိုး ထွေးငယ်တို့ဖြင့်စွဲလမ်းသွားပြီ"
ဟိုဘက်ရွာသူတွေက နေရောင်ကိုလှမ်းရှိုးနေခြင်းဖြစ်သည်
"သက်ထားနွယ် သက်ထားနွယ်
ယံရော ပင်မြင့်ယံ မလာဘူးလား "အနားအလှူလက်ဖွဲ့ငွေလာကူသောနွယ်ကို နေရောင်ကခပ်ကြိတ်ကြိတ်မေးသည်
"မသိဘူးလေတော် မနက်တုန်းကတော့ ဘကြီးမြင့်ဦးပြောသံကြားလိုက်တာ နေမကောင်းဘူးဆိုလားပဲ "
"ဟင်"
နေရောင်စိုးထိတ်သွားသည်
အအေးပတ်သွားတာဖြစ်မယ်
တော်တော်များ နေရဆိုးနေသလား
အနားမှာ ဘယ်သူရှိနိုင်မှာလဲ ငယ်လေး ငယ်လေးကရော ဘာလုပ်ပေးတတ်မှာလဲ မဖြစ်ဘူး
အရမ်းနေရဆိုးနေရင် ယံ တယောက်ထဲအားငယ်နေရှာမယ်"သက်ထားနွယ် ဒီမှာခဏထိုင်ပေးစမ်းပါ ရွာထဲပြန်ချင်လို့ "
"ဟင် ဆရာလေးကလဲ နွယ်က ငွေနဲ့ပတ်သက်ရင်သိပ်ရေရေလည်လည်ရှိတာမဟုတ်ဘူး မထိုင်ချင်ပါဘူး "