✨part 12

269 19 0
                                    

အရင်တခေါက်ကတည်းက လိုက်ပို့ပြီးဖြစ်တာမို့ ဒီတခေါက်လဲသွေးသစ်ပဲလိုက်ပို့သည်
ရွာထိပ်ထိမှာပဲချခိုင်းပြီး အထုတ်ပလုတ်တွေကိုဖြစ်သလိုသယ်ရသည်

"ရဲမာန် လေးငွေတို့အိမ်သွားရအောင် "

"အရေးကြီးကိစ္စရှိလို့လား "

"အင်း ဟိုတခါပြောထားတဲ့ ကိစ္စလေ သွားဆွေးနွေးရအောင် ပိုက်ဆံလဲထည့်လာတာမို့ "

ပစ္စည်းများကိုနေရာတကျထားပြီး သူကြီးအိမ်သို့ထွက်ခဲ့လိုက်သည်

"ကျွန်တော်ပြောချင်တာလဲ အ့ဒါပဲ လေးငွေ
ဖုန်းတိုင်ပဲဖြစ်ဖြစ် မီးတိုင်ပဲဖြစ်ဖြစ် အဆင်ပြေရာကို ဆောင်ရွက်ချင်ပါတယ် "

"အင်း မောင်ရဲမာန်ပြောတာတော့ဟုတ်ပါရဲ့
မီးဆို အထက်ကိုတင်ပြရအုံးမယ် တို့က လေးရွာအုပ်စုဆိုတော့ ရှောက်ထားချက်တွေလိုသေးတယ် တော်တော်နဲ့တော့ရမှာမဟုတ်သေးဘူး "

"ဘာပဲ ဖြစ်ဖြစ် ရွာအတွက်လိုအပ်တဲ့ငွေကို ကျွန်တော်မတည် တာဝန်ယူပါတယ် "

"ဖုန်းတိုင် ဆို ဒီတပတ်ပိတ်ရက် ကျွန်တော်နဲ့နေရောင်မြို့ပြန်မယ်လေးငွေ လိုအပ်တာနဲ့လုပ်စရာရှိတာလုပ်ရအောင် တာဝါတိုင်စိုက်ပြီးရင် ဖုန်းcampanyတွေနဲ့ချိတ်ဆက်ပြီး
ရွာသားတွေတတ်နိုင်တာလေးဝယ်ယူသုံးစွဲကြပေါ့ "

"ငါ့တူကြီးတို့ပဲ အားကိုးရမှာပဲ လေးငွေတို့က ဂျောင်ကျကျ ခေါင်လှလှရွာလေးဆိုတော့ အသိအမြင်နည်းလှတယ် ရပ်ရေးရွာရေးတိုးတတ်ဖို့ဆိုတာလဲ ခေတ်နဲ့ အညီသိမြင်မှရယ်"

"ဟုတ်ကဲ့ ရွာမီးရဖို့ကိုလဲ လေးငွေကပြုလုပ်ပေးပါအုံး ကျနော်တို့လဲကြိုစားဆောင်ရွက်ပါ့မယ် "

ဒီရွာလေးတိုးတတ်ဖို့ကို ဘယ်သူကမှမဆောင်ရွက်ကြလေသလား
အရင်လူတွေနေနိုင်လိုက်ပါဘိ
သိပ်မကြာခင်မှာတော့ ဖွံဖြိုးတိုးတတ်တဲ့ရွာလေးဖြစ်လာမှာပါ ဖုန်းလိုင်းရဖို့ဆိုတာကလဲ သိပ်လွယ်ကူတာမဟုတ် မီးရဖို့ဆိုလဲ ကိုယ့်တရွာတည်းကွက်ရတာမဟုတ် ဘေးရွာတွေ စည်းရုံးရ ဟောရပြောရ ဒီနယ်ဘက်မီးသွယ်တော့ ဒီနယ်မှာရှိတဲ့ရွာတွေအကုန်လုံးမီးရတာပေါ့

ရွှေညာမြေက မောင့်ဖူးစာWhere stories live. Discover now