" မင်း ပြန်လာတာ နောက်ကျလိုက်တာ
ငါက မနက်ဖြန်မှလာတော့မယ်ထင်နေတာ ""အင်း လုပ်စရာလေးတွေရှိနေလို့ "
"ဘာနဲ့ လာတာလဲ ညနေဆို ကားကြုံလဲ မရှိပါဘူး "
"သွေးသစ် လိုက်ပို့တာ "
"အမယ် ဝယ်ခြမ်းလာတာတွေကလဲများလိုက်တာ ငါတို့တွက်အ့လောက်လဲမလိုပါဘူးကွာ "
အထုပ်တွေလှမ်းကိုင်နေသောလက်ကို နေရောင်ရိုက်ချလိုက်ကာ"မင်းတွက်မပါဘူး "
"ဟင် ဒါဆို ဘယ်သူ့အတွက်လဲ ဒီလောက်အများကြီးကို "
"အသီးတွေက ရွာဉီးကျောင်းလှူဖို့
ကိတ်မုန့်က သူကြီးအိမ်တွက် ကျန်တဲ့ ခေါက်ဆွဲခြောက်နဲ့ ကိတ်ခြောက်တွေက တစ်ယောက်ယောက် အတွက် ""အ့တစ်ယောက်ယောက်က ငါ မဖြစ်နိုင်ဘူးလား အမယ် ဖုန်း က ယူလာသေးတယ် လိုင်းလဲ မမိပဲနဲ့ ဖုန်းအားကုန်ရင်သွင်းမရဘူးနော် သိတယ် မလား "
"စကား မများနဲ့ ရေသွားချိုးမလို့ လိုက်အုံးမလား "
ရွာမှာ ရက်အနည်းငယ်ကျင်လည်ပြီးးသားမို့
သွားနေကျလမ်းတွေကိုတော့ မမှတ်မိနိုင်စရာအကြောင်းမရှိ ရွာထိပ်လမ်းခွဲတွေရောက်တော့
စတွေ့တုန်းက ခပ်သွက်သွက်နဲ့ ကူညီပေးတဲ့ကောင်လေးကြောင့် ပြုံးရပြန်သည်မတွေ့ရတဲ့ရက်တွေမှာ ကိုယ်မင်းကို လွမ်းနေတာ
ခေါင်းစဉ်မတပ်မိတဲ့ခံစားချက်တွေ ခွဲခြမ်းစိတ်ဖြာလိုက်ရင် တိကျတဲ့အဖြေတွေထွက်လာမှာတော့ အမှန်ပင်
ခပ်ဝဲဝဲဆံနွယ်တွေ နဲ့ မျက်လုံးထဲမှာ အလွတ်ရနေမိတဲ့ ပုံရိပ်လေး
ဒီလူသားဟာ သူ့နှလုံးသားကို ပြုစားသွားပြီထင်ပါရဲ့"နေရောင် မင်းဘာလုပ်နေတာလဲ "
"လက်ညိုးထိုးပြနေတာလေ "
"အေး အ့တာငါသိတယ်လေ ဘာဖြစ်လို့သူ့ကိုလက်ညိုးထိုးနေတာလဲ "
"မင်းပဲပြောထားတယ်လေ ဒီရွာထဲက ငါကြိုက်တဲ့သူကို လက်ညိုးထိုး မင်းရအောင်
အောင်သွယ်ပေးမယ်လို့ "ကလေးတွေနဲ့ ကျောင်းသန့်ရှင်းရေးလုပ်နေသော
ပင်မြင့်ယံ ကို လက်ညိုးထိုးပြနေတာပါ
ဒီကောင် ရူးများသွားပြီလား