✨part18

181 18 1
                                    

ဆေးရုံနေ့ရက်တွေက အဆင်ပြေလိုက်မပြေလိုက်နှင့် လာမစောင့်ပါနဲ့ဟုအတွင်တွင်ပြောသော်လဲ ခေါင်းမာသောခလေးက လက်မခံ
သီးသန့်အခန်းရတော့ အနည်းငယ်တော့အဆင်ပြေသည် တစ်ညကလဲ အပေါ့သွားချင်တာ ကြောက်လို့တဲ့ တံခါးနားကစောင့်ပေးနေရသည် ငြိုငြင်သည်မဟုတ်ပေမယ့် ရီချင်သည်

၅နှစ်သားလေးကျလို့ ကိစ္စမပြီးမချင်းလှမ်းလှမ်းခေါ်သေးသည်

"အစ်ကို "

"အင်း ရှိနေတယ် "
ခဏနေထပ်ခေါ်သည်

"အစ်ကို....
အစ်ကိုလို့
အစ်ကို့ "

"အင်းပါ အင်းပါ ရှိနေပါတယ် ဆို "

"ရှိနေရင် ထူးလေဗျာ"

တရက်တလေ မလာပါနဲ့ဆိုလဲမရဘူး
ဆေးရုံမှာ ၅ရက်လောက်နဲ့တော်တော်အဆင်ပြေနေပြီမို့ဆင်းခဲ့လိုက်သည်
ကလေးတွေလဲ စာမေးပွဲနားနီးပြီမို့
ရဲမာန်လဲ အလုပ်များနေသည်
ကျောင်းအကူအနေနဲ့သက်ထားနွယ်နဲ့ ထွေးငယ်ကလာကူသည်

တယောက်တည်းဆိုဘယ်ဖြစ်မလဲ ခါတိုင်းနှစ်ထက် ဒီနှစ်က ကျောင်းသားပိုများသည်

ဟွန့် ပုံမှန်ဆို နွယ်တို့က စာသင်ဘာညာသိပ်စိတ်ဝင်စားတာမဟုတ်ပေါင်
မမငယ် ရွာရောက်နေလို့
မမငယ်နဲ့နှစ်ယောက်တည်း စိတ်မချလို့
အဲ့မမငယ်က ထွေလီပွေလီတအားလုပ်တာ
နွယ်တို့ မောင်နှမတွေနဲ့သိပ်တည့်တာမဟုတ်ဘူး
ငယ်ငယ်ကဆို သူတို့တွေအလည်လာရင်
နွယ်တို့မောင်နှမတွေနဲ့ရန်ဖြစ်နေကြ

မမငယ်က ကိုရဲမာန်နားကပ်ပြီဆို နွယ်ကမျက်ထောက်နီကြီးနဲ့ကြည့်လို့

ဒါကို သိတဲ့ရဲမာန်ကလဲ နွယ်သူ့ကိုပြန်ချစ်လာအောင်အခွင့်ကောင်းယူကာ
ထွေးငယ်နဲ့အရောတဝင်နေသည်
အကြောင်းက နွယ်သဝင်တိုအောင်လုပ်သည်

အပြန်ကျရင်တော့ နွယ်နှင့်ကပ်လိုက်ကာ
ထွေရာလေးပါး စကားစမြည်ပြောသည်
သူကြီးအိမ်ထမင်းစားသွားတိုင်း နွယ်တို့အိမ်ဘက်လှမ်းလှမ်းကြည့်မိသည်
တခါတရံဆို နွယ်ကရောက်ရောက်လာပြီး ထမင်းအတူစားသည်
မစားလို့ရမလား မမငယ်က အိမ်မှာလဲ နေလို့ရတယ်
ကြီးကြီးခိုင်တို့အိမ်လဲ နေလို့ရတာကို ဘဒွေးတို့အိမ်ပဲနေတယ်
နွယ့်မေမေတို့ မောင်နှမငါးယောက်ရှိတာ ဒီရွာမှာ သုံးယောက် သူတို့ရွာမှာ နှစ်ယောက်

ရွှေညာမြေက မောင့်ဖူးစာWhere stories live. Discover now