✨part 13

238 24 2
                                    

"ကိုကို ဟိုးမှာ ဆရာလေး ဆရာလေး
ကိုကြီး အောင်ခင်တို့နေကြာခင်းနားမှာ"

လှမ်းကြည့်လိုက်တော့ ဟုတ်ပါရဲ့
ကိုရဲမာန် နဲ့ နွယ်လဲပါတယ်

"ဟေးးး ယံယံ "
နွယ်ကအဝေးကနေလက်လှမ်းပြသည်

"ချောင်းထဲငါးလာဖမ်းကြတာတဲ့တော်
ညနေစောင်းမှ "

"သက်ထားနွယ်ကလဲ အောင်ခင်ခေါ်လာလို့လိုက်လာတာပါ ငါးဖမ်းမယ်လို့လဲ မဟုတ်ပါဘူး "

ကိုရဲမာန်ကခုတလောနွယ့်နားသိပ်ကပ်သည်
ဆရာလေးနေရောင်ကလဲ ယံယံ့နားသိပ်ကပ်သည် တခါတလေ အိမ်မှာတောင် ထမင်းစားသေးတယ်ဆိုပဲ

အောင်ခင်က ချောင်းစပ်နားမှာ ငါးဖမ်းရန်ပြင်သည်

"ယံယံ လာ သဲစပ်နားမှာ ကြာပန်းသွားခူးချင်လို့ ငါနဲ့ လိုက်ခဲ့စမ်းပါ"

အပင်ရိပ်အောက်လှည်းထိုးထားပြီး အဘကတော့ နွားတွေသွားဆွဲနေသည်
ကြည့်ရတာ ပြန်ကြတော့မည်ထင်ပါရဲ့

အောင်ခင်ကချောင်းထဲဆင်းကာ ငါးဖမ်းနေသည် ရဲမာန်က နွယ်တို့နဲ့ လိုက်ရန်ပြင်နေသည်
နေရောင်ကတော့ အရင်တခါ ယံခူးယူခဲ့သော
ဟင်းညံ့ပင်များကိုခူးနေသည်
တခါတလေ ခြေထောက်နားမှာယွစိယွစိနဲ့ ငါးထင်လို့စမ်း ဖမ်းလိုက်တဲ့ခါမှာ မိတတ်သေးသည်

"သက်ထားနွယ် အစ်ကို ဆင်းခူးပေးမယ် "

"တကယ်လား ဒါဆိုလဲ ကောင်းတာပေါ့ နွယ်တို့ရေထဲဆင်းစရာမလိုတော့ဘူး"

ချောင်းက တခုတည်းပေမယ့် နဲနဲရှည်သည်
ရွာနဲ့ မလှမ်းမကမ်းမှစရှိကာ ဟိုဘက်ရွာနှစ်ရွာအဆုံးထိရှည်လျားသည်

"ဟိုးမှာ ဟိုးမှာ ပွင့်ကြီးကြီးပဲ "

"ညာဘက်ညာဘက်က အပွင့်လဲလှတယ် "

"အနောက်ဘက်က အနောက်ကဟာလေးခူးလိုက်အုံး"

"အရှေ့နည်းနည်းတိုးလိုက်စမ်းပါ ရေအ့လောက်မနစ်ပါဘူး "
သူပြောတဲ့မနစ်ဘူးဆိုတာ လည်မြိုရောက်နေပြီ

ဒီရှပ်ပြာမ သူ့ကိုတမင်များနှိပ်စက်နေသလားအောင့်​ေမ့ရတယ်
ကိုယ်ကလဲကိုယ်ဘဲ ဘာလို့များ ဆင်းခူးပေးရပါလိမ့်
အခန့်မသင့်ရင် မာလက စျာန်ကြွနေအုံးမယ်

ရွှေညာမြေက မောင့်ဖူးစာWhere stories live. Discover now