✨19

168 15 1
                                    

ကလေးများစာမေးပွဲပြီးဆုံးသည်နှင့် ရဲမာန်ကပြန်သွားလေသည် နေရောင်ကတော့နေခဲ့၏
လပြည့်နေ့ကို ချစ်ရသူနှင့်အတူကုန်ဆုံးချင်သည်ကြောင့် ကျန်နေခဲ့ရခြင်းဖြစ်၏

ရဲမာန်ပြန်သွားတော့ နေရောင့်အား အဖော်ရစေရန် ကာလသားတစ်ယောက်ယောက်အားခေါ်ထားစေသည်
ပထမရက်တော့ ကိုမော်ခန့်ကလာ၏
သို့ပေမယ့် အားနာလို့ဆိုကာ ယံ့ကိုသာခေါ်စေသည်

"ဆရာလေးတစ်ယောက်စာပဲဟာ ဘယ်အိမ်မှာပဲစားစားပါ လေးငွေက ဟိုအိမ်စားနိုးနိုး ဒီအိမ်စားနိုးနိုး ကြားထဲက လစ်ဟင်းသွားမှာဆိုးလို့ "

"ဟုတ်ကဲ့ပါ ကျွန်တော်လဲ လေးငွေတို့အိမ်နဲ့ ပင်မြင့်ယံတို့အိမ်ကပဲစားတာပါ သုံးရက်လောက် နေပြီးရင်တော့ ကျွန်တော်လဲ ပြန်ရမှာပါ "

သူကြီး၏ ဧည့်ဝတ်ကျေပွန်သောစကားကို
နေရောင်က ရယ်ရင်းပြန်ဖြေ၏

"အမလေး ငါ့တူကြီးက ငတာနဲ့တော့ အတော်ခင်သားပဲ နော်...
ငတာလေးကလိမ်မာရှာတယ် လူချစ်လူခင်လည်းပေါတယ်အေ့

ဒါပေမယ့်တော် ဟိုဘက် စန်းအေးတို့တသိုက်ကလေ သိပ်ဝန်တိုတာ ပြောကြဆိုကြတာများအေ ရစရာကိုမရှိပါဘူး "
ဒေါ်ဒေါ်ကတော့ မိန်းမသားဆိုတော့ အတင်းလေးကော သတင်းလေးရော ပြောပြရမှ
ဒေါ်ဒေါ်ကစိတ်တော့ဖြောင့်တယ် မဟုတ်မခံလူကြီးပေမယ့် သဘောမကျရင်ဒဲ့ပဲ
ဒါ့ကြောင့်မို့ ထွေးငယ်နဲ့တော့ သိပ်မျက်နှာကြောမတည့်တတ်
နွယ့်ကိုတော့ချစ်ရှာသည် အနေနီးတာရော နွယ်ကအလိုက်သိတာရော

ထွေးငယ်ကျ တခါတရံမှသာလာတတ်သည်မို့
အခုမှသာ တပတ်ဆယ်ရက် လာ လာ နေနေတာ လူကြီးမို့ တော်ရုံမပြောပေမယ့်လဲ အမြင်မတော်ရင်တော့ တဂျက်ဂျက်

"ညည်းအေ ပညာလေးလဲတတ်သားကို မြို့မှာဖြစ်ဖြစ်အလုပ်လေးသွားလုပ်ပါလား မဟုတ်ရင်တောင် ရွာမှာဆိုရင်ကိုနေရာကောင်းလေးရပါတယ် ဆရာမလေးဘာလေးလုပ်လေ "

"အို...ကြီးတော်ကလဲ ထွေးငယ်က အကုန်လုပ်တတ်ပါတယ် မလုပ်ချင်လို့ အဘတို့ကလဲဘာမှခိုင်းတာမှမဟုတ်တာ အချိန်တန်လင်ယူလိုက်ရင်ပြီးတာပဲလေ ဘာလုပ်စရာလိုလို့လဲ "

ရွှေညာမြေက မောင့်ဖူးစာWhere stories live. Discover now