"အဘ သား နွယ်တို့အိမ်ခဏသွားအုံးမယ်နော်
ညနေစာလဲချက်ပြီးပြီ နွားစာလဲစဥ်းထားခဲ့တယ်
အလုပ်ရှိရင် ငယ်လေးခေါ်ခိုင်းလိုက်နော်""အေးအေးလူလေး သိပ်မိုးမချုပ်စေနဲ့နော်"
"ဟုတ်ဟုတ်အဘ"
ဒီနေ့ နွယ်ကအလည်ခေါ်ထားတာမို့ ရွှေမိနဲ့စံပယ်လဲ ပါသည်
သစ်ရိပ်ဝါးရိပ်တွေပြည့်နှပ်နေတဲ့ ရွာငယ်လေးက သိပ်ကိုအေးချမ်းသည်"အဲ ဟိုမှာ ဟိုမှာ ယံယံ လာပြီ "
လက်ဖက်သုတ်နှင့်ရေနွေးကြမ်းချကာ ကွပ်ပျစ်ပေါ်မှာအကျအနနေရာယူထားပြီဖြစ်နေကြသည်
" ဟဲ့ ယံယံ ပြောစရာရှိတယ်
အဲ မေးစရာပေါ့""ဘာမေးမှာလဲ ရေနွေးကြမ်းသောက်အုန်းမယ်"
"နင့်ကို ဆရာလေးက ကြိုက်နေတယ်ဆို"
"ဖူးးးးး....."
သောက်နေသောရေနွေးမှုတ်ထုတ်မိသွားကာ
စံပယ့်ပေါ်စင်ကုန်သည်"ဟဲ့ဟဲ့ အော် စင်ကုန်ပြီ"
"နင့်ကိုဘယ်သူပြောလဲ မိနွယ်မ"
"အံမယ် ကိုရဲမာန်ပြောတာပါနော်
ငြင်းမယ်မကြံနဲ့""အောင်မာ မငြင်းပါဘူး "
"ဟယ် အ့ဆို အတည်ကြီးပေါ့နော်
နင် နေနိုင်လိုက်တာငါ့တို့ကိုတောင်မပြောဘူး
သက်ထားနွယ် ပြောမှသိရတယ်""ဟာ ရွှေမိကလဲ သူနဲ့ငါက ဘာမှ
မှမဖြစ်သေးတာကို ဘာပြောရမလဲ ""အံမယ်နင်ကဖြစ်ချင်သေးတာပေါ့ အဟိ"
"တော်ပီတော်ပီ ငါအတည်မေးမယ် နင်ရောသူ့ကိုကြိုက်လား"
နွယ်ကအတည်ပေါက်ဖြတ်မေးတော့ ယံက တွေဝေသွားသည် ဘယ်လိုပြောရမည်လဲ
အမှန်တိုင်းလား အမှန်တိုင်းဆိုရင်ရော..ဘယ်အဓိပ္ပါယ်လဲ သူကိုယ်တိုင်ကရော လက်ခံနိုင်ရုံပဲလား သံယောဇဉ်တွယ်သွားတာလား
မေတ္တာရှိသွားတာလား ဘယ်အခြေနေ ဘယ်အဓိပ္ပါယ်သက်ရောက်တယ်ဆိုတာမသိပါ"အင်း..ဘယ်လိုပြောရမလဲ
ငါ့ကို အရင်မမေးနဲ့ နင်တို့အရင်ပြော
ဘယ်လိုထင်လဲ "