✨part16

182 19 4
                                    

"ဆရာမ ကျနော်တို့ သီးသန့်အခန်းပြောင်းလို့ရနိုင်မလားဗျ "

"အော် ဟုတ်ကဲ့
သီးသန့်အခန်းကလူပြည့်နေတယ်ရှင့်
လူနာရှင်တို့ပြောင်းချင်တယ်ဆိုတောင်မှ မနက်ဖြန်မှပြောင်းလို့ရနိုင်မယ်ရှင့်"

"အခြေနေဘယ်လိုလဲရှင့် ချုပ်ရိုးကနာတာပြုတာခံစားရလားရှင့်
အမာစာတွေတော့စားလို့မရသေးဘူးနော်
အရည်ပဲသောက်လို့ရအုံးမယ်..အားရှိအောင် ကြက်ပေါင်းရည်လေးများများသောက်ပေးနော်"

ဆရာဝန်ညွှန်ကြားချက်အတိုင်း ရွာမှထည့်ပေးလိုက်သော ကြက်ပေါင်းရည်ကိုသောက်ရသည် ယံကတော့ မနက်ကတည်းက ရွာပြန်လိုက်သွားသည် ရဲမာန်ကနေခဲ့၏
ကျောင်းကိုတော့ယာယီပိတ်ထားလေသည်
ဆရာဝန်ကတော့
ဆေးရုံက တပတ်
ဆယ်ရက်လောက်ဆိုဆင်းနိုင်ပြီဟုဆို၏

"မင်းကို ရွာကလူတွေတော်တော်စိတ်ပူနေတယ်
ပန်ဆုအိမ်ကဆိုငါ့ဆီခဏခဏလာရှာတယ်
မင်းကွာမသေကောင်းမပျောက်ကောင်း"

"အ့တော့ ငါက ဒီတိုင်းလက်ပိုက်ကြည့်နေရမှာလား"

"ဒါပေမယ့် မင်း"

"ငါမှ မသေပါပဲ တရားခံရောမိပြီလား"

"မသေပေမယ့် မသေရုံတမယ်ပဲလေ
သေခါနီး သေလုဆဲဆဲဖြစ်သွားတာပဲမလား"

"ဘာလဲ မင်းက ငါ့ကိုအပြစ်တင်နေတာလား
ငါ့နေရာမှာ မင်းဆိုလဲဒီလိုပဲလုပ်မှာမလား
မင်းမှမဟုတ်ဘူး ယံ ဆိုလဲ ဒီလမ်းကိုပဲရွေးမှာပဲ သူ့မှာ ဓားပါမှန်းငါလဲ မသိဘူးလေ"

"ထားပါတော့ တရားခံက မိပြီ
ဟိုဘက်တစ်ရွာ​ကျော်က အမူးသမားတဲ့
ဒါနဲ့ ရွာမှာမီးရတော့မယ်နော်
ရွာကလူတွေက မီးအရင်လိုချင်တယ်ဆိုလို့
ဖုန်းကိစ္စနောက်ဆုတ်ထားတာ "

နေရောင် နဲ့ ရဲမာန်စကားပြောနေရင်း ဘေးကုတင်က လူနာကအခြေနေဆိုးနေသည်
ဆရာဝန်နဲ့သူနာပြုများအပြေးလွှားရောက်လာကာ လိုအပ်သည်များပြုလုပ်ပေးသည်
အရေးပေါ်ဖြစ်နေပုံရသည်

ဒါမျိုးတွေမြင်ရတာ သိပ်စိတ်မချမ်းမြေ့စရာဖြစ်တာပဲ

''ရဲမာန် ညနေကျရင် ယံ့ကိုမစောင့်ခိုင်းနဲ့တော့ သူနဲ့ဆေးရုံနဲ့အဆင်မပြေဘူး"

ရွှေညာမြေက မောင့်ဖူးစာWhere stories live. Discover now