✨part3

418 27 0
                                    

"နေရောင် ဒီမှာသင်ရိုးစာအုပ်တွေ
ရွာကျောင်းကမူလတန်းပဲဆိုတော့ သူငယ်တန်းကနေ ၄တန်းထိရှိမယ် မင်း ဘယ်နတန်းကိုင်မလဲ
မင်းစိတ်ရှည်ရင်တော့ အငယ်တန်းလေးတွေကိုင်မလား စာတွေသိပ်မကြည့်ရတော့ဘူးပေါ့ ပထမတန်းနဲ့ ဒုတိယတန်းကိုင်မလား..သိပ်လဲ မထိန်းရဘူးဆိုတော့လေ"

"မင်း အဆင်ပြေမယ်ထင်တဲ့အတန်းပေးလေ..အရင်နှစ်က မင်းတယောက်တည်းလား ဒီကလေးတွေ ဘယ်လိုထိန်းလဲ"

"တာဝန်ကျဆိုရင်တော့ တယောက်ထဲပဲ
ဒါပေမယ့် ပင်မြင့်ယံက အားတဲ့ချိန်လာကူပေးတယ်လေ ကောင်လေးက နှမြောစရာလေးပါ
စာပေလိုက်စားတယ် ငါသူ့ကို ကျောင်းဆက်တတ်ဖို့ပြောကြည့်သေးတယ် ဒါပေမယ့် သူငြင်းတယ် ငါပြောလိုက်တိုင်း သူငြင်းတာ"

"သူကဘာလို့ငြင်းတာလဲ...တခြားအကြောင်းဘာညာရှိသေးလို့လား ငွေရေးကြေးရေးကြောင့်လား
ပိုက်ဆံကြောင့် ဆိုရင်တော့ ငါ ကူညီချင်တယ်"..

"ငါလဲ သေချာ မသိပါဘူး
သူပြောရင်တော့ ငယ်လေးနဲ့ အဘကိုစိတ်မချလို့တဲ့ အ့လို ပြောတာပဲ သူ့မှာလဲ တခြား အကြောင်းပြချက် ရှိရင် ရှိမှာပေါ့ "

နေရောင်လဲ ဆက်မမေးတော့ဘဲ ရဲမာန်ပေးနဲ့ noteတွေကိုလေ့လာနေလိုက်သည်
သူတခုခုတော့ စဉ်းစားမိသည်
ညနေကျရင်တော့ ကောင်လေးဆီ အလည်သွားအုံးမည်

"ကိုရဲမာန် ...နွယ်ရယ် ထမင်းလာပို့တာ
ပြင်ပေးခဲ့ရမလား.. မီးဖိုထဲ ထားခဲ့ရမလား..."

"ရတယ် ရတယ် စားပွဲပေါ်မှာပဲထားခဲ့လိုက်
သက်ထားနွယ် ခဏနေမှ စားလိုက်တော့မယ်... "

''အော် ဆရာလေးလား ကိုရဲမာန် မရှိဘူးလား.."

"အင်း စာသင်ကျောင်းခဏသွားတယ်
အမိုးလုံမလုံသွားကြည့်တာတဲ့ ဘုန်းကြီးကျောင်းလဲ သွားအုံးမလို့တဲ့.."

"အော် ဒါဆို နွယ် သွားအုံးမယ်နော်..."

နေရောင်လဲ ခေါင်းတချက်သာ ငြိမ့်ပြလိုက်သည် သက်ထားနွယ် ပြန်သွားမှ နေရာင်လဲ ရဲမာန်ဆီလိုက်သွားရန်ပြင်လိုက်သည်

နေရောင်အိမ်ရှေ့လမ်းအတိုင်းတည့်တည့်လာကာ ညာဘက်သို့ချိုးကွေ့လိုက်သည်
ထို့နောက် အနည်းငယ်သွားပြီး ရွာလယ်လမ်းသို့ရောက်သည် ရွာထိပ်ရောက်ခါနီး လမ်း
သံုးခွဖြစ်နေတော့ နေရောင်သိပ်မမှတ်မိချင်တော့
နေရာမှာပဲ ငူငူကြီးရပ်ကာ စဉ်းစားနေသည်
အရှေ့တည့်တည့်ကလမ်းမဟုတ်တာတော့သိတယ် အ့တာက မြို့ကနေလာတုန်းက အ့လမ်းကဝင်တာ

ရွှေညာမြေက မောင့်ဖူးစာWhere stories live. Discover now