"လူနာရဲ့ထိုးသွင်းဒဏ်ရာက တော်တော်နက်တယ်ရှင့် သွေးထွက်လဲလွန်နေတယ် "
အခန်းရဲ့အပြင်မှာ ယံခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ ရသမျှ ဘုရားစာများ တရက်စပ်ရွတ်နေမိသည် ဆေးရုံရောက်ရောက်ချင်း အစ်ကိုကလုံးဝသတိလစ်သွားသည်
ကိုရဲမာန်ကရှေ့နောက်လျှောက်ကာ ဒေါက်ဒက်ခတ်နေသည် အရီးကလဲမျက်ရည်များစမ်းတမ်းစမ်းတမ်းဖြစ်ကာ ယံ့လိုပဲ ဘုရားစာများရွတ်ဖတ်နေသည်
အစ်ကို့ကိုဆုံးရှုံးလိုက်ရတော့မှာလားဟင်
မဖြစ်နိုင်တာ အစ်ကိုကငယ်ငယ်လေးရှိသေးတယ်. .ယံ အသံထွက်ရှိုက်မိသည်
ဝမ်းနည်းစိတ်များလှိုက်လှိုက်တတ်လာကာ
မျည်ရည်များအဖြစ်စီးစင်းနေသည်"လူနာသွေးလိုတယ်ရှင့် O သွေးရှင်ရှိလား
အရေးတကြီးလိုနေတယ်ရှင့်"ယံက ဆက်ခနဲခေါင်းထောင်လိုက်ပေမယ့်
သွေးအမျိုးစားမတူဘူးဖြစ်နေသည် ယံ ကBသေွး
ကိုရဲမာန်က သူနဲ့တူသည်တဲ့
တော်သေးသည် ဘုရားကယ်တာပဲ
အစ်ကို အဆင်ပြေပါစေ
သွေးစွန်းနေသောအဝတ်စားများနဲ့ အလွန်ဆုံး ဖိနပ်ပင်မပါ ယံ သိပ်ဝမ်းနည်းသည်
ယံ မေမေဆုံးတုန်းကလဲ ကျောင်းတတ်နေရသည်မို့ သားတယောက်တာဝန်မကျေပွန်နိုင်ခဲ့"စိုးရိမ်ရတဲ့အခြေနေမရှိတော့ပါဘူးရှင် "
ဖြူဖွေးသောမျက်နှာလေးက ယခုတော့ ဖြူယော်နေသည် သွေးမရှိသလို ဖျော့တော့နေသည် အနီခပ်ဆွေးဆွေးနှုပ်ခမ်းသားများလဲ အရောင်မရှိနေတော့ပေ
အခန်းယူကာ တယောက်တလှည့်လူနာစောင့်ရမည် သို့ပေမယ့် မြို့ကြီးပြပြီးမဟုတ်ပဲ
မြို့နယ်လေးမှာမို့ သီးသန့်ခန်းရယ်တော့မတတ်နိုင် အခန်းလွတ်တစ်ခုမှာ လူနာ သုံးယောက်လောက်ထားရသည်"အရီးနဲ့ ဘကြီးငွေ ပြန်လိုက်ပါလားဟင်
လူနာစောင့်ခုတင်ကလဲ တစ်ခုပဲရှိတာဆိုတော့ သားစောင့်လိုက်ပါ့မယ် ""ဖြစ်ပါ့မလား လူလေး"
ကိုရဲမာန်ကတော့ လိုအပ်တာများယူရန် အစောကတည်းက ရွာသို့ပြန်သွားသည်"ဖြစ်ပါတယ် အရီးတို့က လူကြီးတွေဆိုတော့အိမ်ပြန်နားလိုက်ပါ ကိုရဲမာန်လဲလာမှာပဲလေ "