"ဆရာလေး ဆရာလေးတို့... ဟို သူကြီးက မနက်စာ လာပို့ခိုင်းလိုက်လို့ပါ"
"ဟုတ်ကဲ့ လာပြီ လာပြီဗျ"
မျက်နှာသုတ်နေတုန်း အော်သံကြားတာကြောင့် ရဲမာန် ကတမ်းကမန်း ပြေးဆင်းသွားလိုက်သည်
"အော် ဘယ်သူများလဲလို့ သက်ထားနွယ်ကိုး "
"ဟီးဟီး.. ဟုတ်တယ်
ဒါနဲ့ ဟိုဆရာလေးရော
မထသေးဘူးလား.. ဒီမှာ မနက်စာလာပို့တာ တခါတည်း ပြင်ပေးခဲ့ရမလား"ကျီးကန်းတောင်းမှောက် ရှာနေတဲ့အကြည့်တွေ မသိရင်ခက်အုန်းမယ် မိနွယ်တို့
နေရောင်ကို ချောတယ်ဆိုလို့ လာကြည့်တာနေမှာ ပြီးရင် ရွာရိုးကိုးပေါက်လျှောက်သွားပြီး ဖောက်သည်ချအုံးမယ်နေရောင်လဲ စကားသံတွေကြောင့် အိမ်အောက်ကိုဆင်းလာလိုက်သည်
အိမ်က ၂ထပ်ဆိုပေမယ့် ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး
အပေါ်ထပ်က ဘုရားခန်းရယ် လူနေခန်းတစ်ခန်းရယ်သာ
ရဲမာန်ကတော့ အလိုက်သိစွာ ဘုရားစင်ရှေ့မှာသာ အိပ်သည်
ကျန်အခန်းကတော့ နေရောင်မောင်ပိုင်စီးလုပ်ထားတာ
အောက်ထပ်ကတော့ မီးခိုချောင်ကိုသာသေချာကာထားလေသည်
အိမ်ရဲ့လေးဖက်လေးတန်ကိုတော့ ထရံနဲ့အဖြစ်သာကာထားလေသည်"အော် ဆရာ..ဆရာလေး ချောတယ်နော်..အဟိ"
" ဗျာ ဟုတ်ကဲ့ ကျေးဇူးပါဗျ"
ရွယ်တူလို့ထင်ရဲ့တဲ့အမျိုးသမီးတယောက်က ပြောလိုက်တာမို့ နေရောင်မှာ ရှက်အမ်းအမ်း ဖြစ်သွားရသည်
"နွယ်ပါ သက်ထားနွယ်"
နွယ် က သွက်လက်စွာ သူ့ကိုသူ စတင် မိတ်ဆက်သည်ရဲမာန်က တော့ မနိုင်ဘူးဟု အကြည့်ဖြင့် အိမ်ထဲသို့ဝင်သွားလေသည်
"ဟုတ်ကဲ့ ကျနော့်နာမည်.."
"နေရောင် အကို နေရောင်လင်းလဲ့
ဟုတ်တယ် မလား လူလေးနဲ့ နာမည်လေးနဲ့လိုက်တယ်နော် နေရောင်လေးလို လင်းလဲ့နေမယ့်သူမျ်ုးပေါ့ ဟီးဟီး မိုက်လိုက်တာ
အကို့မိဘတွေပေးထားတာလား""အာ.. ဟုတ် ဟုတ်ပါတယ် "
ရွာက မိန်းမမပျိုတွေကဒီလိုပဲလားဒီပုံတိုင်းသာဆို ရည်ရွယ်ချက် ၃နှစ် မပြည့်ခင် မိန်းမအရင်ရဖို့မြင်ယောင်နေပြီ