ထယ်ယောင်း ဆောအူမိဘတွေကိုစီကိုသွားရန်ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆို။ ဆောအူကိုလက်ထက်တောင်းရမ်းရမည်ဖြစ်တဲ့အတွက်ခွင့်သွားတောင်းခြင်းဖြစ်သည်။ ဒါပေမယ့်သူ့ရဲ့စိတ်တွေကဂျောင်ဂုထံမှာပဲရှိနေ၏။
ထို့နောက်။ကားရပ်ပြီး အိမ်ထဲသို့ဝင်သွားလိုက်သော်။
"ငါ့သမီးလေးကိုပြန်ပေးကြပါ~~~အီးးးးဟီးးး~~"
" အန်တီ!"
ကြမ်းပြင်ပေါ်လဲကျနေတဲ့ဆေယအူရဲ့မေနဲ့အတူ ဘေးနားမှာခေါင်းတွင်သွေးတွေထွက်ပြီးသတိလစ်နေတဲ့ဆောအူရဲ့ဖခင်။ နောက်ပြီး ပွကျဲနေတဲ့အိမ်အတွင်းကြောင့် ထယ်ယောင်းဆောအူအမေကိုကူထူပေးလိုက်သည်။
" အန်တီဘာတွေဖြစ်နေတာလဲ"
" ငါ့သမီး ငါ့သမီးလေးကိုခေါ်သွားကြပြီ~~~အမလေးကယ်ပါဦးမောင်ရင်ရယ်~~~"
" ဘယ်သူတွေလဲ အန်ကယ်ကရောဘာတွေဖြစ်သွားတာလဲ"
ထယ်ယောင်းထိတ်လန့်စွာမေးလိုက်သော်။
" မသိဘူး အနက်ရောင်ဝတ်စုံတွေနဲ့maskတက်ထားတဲ့လူတွေလာခေါ်သွားတာ ဆောအူတို့အဖေကိုလည်းရိုက်သွားတယ် အီးးး~~အမေ့သမီးလေးးးး"
ဆောအူရဲ့မိခင်က ရင်ထုပြီးငိုနေတဲ့အတွက်ထယ်ယောင်းလည်းဆေးရုံကားနဲ့ ရဲတွေကိုဖုန်းဆက်လိုက်သည်။
" အန်တီ။ကျွန်တော်အန်တီ့သမီးကိုရှာဖို့ရဲတွေကိုဖုန်းဆက်ထားတယ်။ မကြာခင်လူနာတင်ကားရောက်တော့မှာမလို့စောင့်နေနော်။ ကျွန်တော်အရေးတကြီးသွားစရာရှိတာမလို့သွားတော့မယ်။"
ထယ်ယောင်းပြောလိုက်တော့ ဆောအူရဲ့မိခင်က ငိုနေရင်းဖြင့်ခေါင်းငြိမ့်ပြသည်။
နောက်တော့ထယ်ယောင်းလည်း တစ်နေရာသို့သွားတော့၏။
" CEO! ခင်ဗျား တို့ရဲ့CEOဘယ်မှာလဲ"
ဂျောင်ဂုရဲ့ရုံးခန်းထဲသို့ဝင်သွားကြည့်ပြီးသော်လည်းမတွေ့တာမို့ အတွင်းရေးမှုူးကိုအော်ငေါက်မေးလိုက်သည်။
" ဟို CEOက အလုပ်ထွက်သွားပါပြီမောင်လေး"
" ဘာ! အလုပ်ထွက်တယ်။ ဒါဆိုအခုဘယ်မှာလဲ။"
