ရက်အနည်းငယ်အကြာ။ နယူးဇီလန်ကနေဂျောင်ဂုကိုပြန်ခေါ်လာပြီး ထယ်ယောင်းသည် ဂျောင်ဂုအားတရားဝင်လက်ထပ်ခွင့်တောင်း၍ လူသိရှင်ကြားမင်္ဂလာပွဲပြုလုပ်ခဲ့သည်။ ဂျောင်ဂုလည်းအရင်ကုမ္ပဏီကိုပြန်ဝင်ပြီးအလုပ်ဆက်လုပ်တာကြောင့် မည်သည့်ရှယ်ရာရှင်ကမှမနှိမ်ချရဲတော့။
နှိမ်ချခဲ့လျှင်လည်း။ သူ၏စွာတေးလေးက ကိုကိုထိဓားကြည့် ဟူသောဆောင်ပုဒ်ကြီးကိုကိုင်ဆွဲထားခြင်းကြောင့်မည်သူမှကန့်လန့်မတိုက်ရဲ။
နောက်တစ်နည်း။ ထယ်ယောင်းကအလုပ်ကြိုးစားတာကြောင့် အခုဆိုTop3တောင်ဝင်နေပြီဖြစ်တဲ့အတွက်ထိပ်တန်းသူဌေးကိုပြန်မပြောရဲကြတာလည်းပါမည်။
သို့သော်လည်း။ လောဘကြီးတဲ့ထိုကောင်လေးက Top1ရချင်ပါတယ်ဆိုပြီးအလုပ်တွေဖိလုပ်နေလို့ဂျောင်ဂုတားရသည်မှာအမော။
" ကိုကို"
"....."
" ကိုကိုလို့~"
ကုမ္ပဏီအထိလာပြီးကပ်ချွဲနေတဲ့ ကောင်လေးကိုဂျောင်ဂုမခေါ်ပဲထားလိုက်သည်။
အဘယ်ကြောင့်ဆို။ မနေ့ညနေက ခရစ်စမတ်ရောက်ဖို့တစ်လကျော် သာလိုတော့တာမို့ပြင်ဆင်စရာတွေနှစ်ယောက်အတူသွားဝယ်ဖို့ရာ ခေါ်မရ၍ဖြစ်သည်။
ထို့ကြောင့်။ ဂျောင်ဂု ထယ်ယောင်းကိုနည်းနည်းလောက်တော့စိတ်ကောက်ပြစ်လိုက်၏။
ဒါကြောင့်။ စာရင်းတွေကိုလက်မှတ်ထိုးပေးနေတဲ့ဂျောင်ဂုအနောက်ကနေသွားပြီး ပုခုံးပေါ်မေးတင်ကာချွဲနေတော့သည်။
" ကိုကို ဒီနေ့သွားဝယ်ကြမယ်လေဗျာ။ မနေ့က တစ်ဖက်ကလုပ်ငန်းရှင်တွေနဲ့စကားပြောနေလို့မလိုက်တာပါ။ ပြီးတော့တစ်လကျော် ကြီးလိုသေးတာပဲလေ။"
" ဖယ်တော့။ ဒီမှာဘောပင်ကိုင်ရတာအဆင်မပြေဘူး။"
" မဖယ်ဘူး။ မနက်က ကျွန်တော့်ကို morning kissလည်းမပေးသွားဘူး။ ရေလည်းအတူမချိုးပေးဘူး။ အခုကျတော့လည်းစကားကောင်းမပြောဘူး။"
" ပြောစရာစကားမရှိတာကိုရှာကျန်ပြောရမှာလားကိုယ်က။"
" ကိုကိုကဗျာ~"
