" ငါတောင်းထားတဲ့ဟာအခုပေးလို့ရပြီ"
" ဒီမှာ။"
ဂျင်ဆောင်းသည် သူ့၏လက်ထဲမှ stick တစ်ခုကိုဂျောင်ဂုထံပေးလိုက်သည်။
" ဒီလိုဆို ငါတို့ဒီနေ့ကိုရီးယားကိုပြန်ကြတာပေါ့"
" ပျော်ရွှင်စရာမင်္ဂလာပွဲလေးကိုဖျက်ဖို့လေ"
" ဟက်~"
ဂျင်ဆောင်းက ထောက်ခံစကားပြောတော့ဂျောင်ဂုက ခတ်ထေ့ထေ့ရယ်သွမ်းလိုက်သည်။
နောက်မှာတော့။ နှစ်ယောက်သား အပြုံးတစ်ခုအားဆင်မြန်း၍ ကိုရီးယားရှိမင်္ဂလာပွဲတွေထဲမှအသက်ဆိုင်ဆုံးပွဲလေးထံရောက်ရှိလာကြတော့သည်။
ဒါကို မင်္ဂလာစင်မြင့်ထက်ကသတို့သားနဲ့သတို့သမီးကတော့ နောက်ဆုံးခုန်မှာ maskတက်ပြီးလာကြတဲ့သူတို့နှစ်ယောက်ကိုမမြင်။
" မ မဟုတ်ဘူးနော် အချစ်။ မ မဟုတ်ဘူး။"
ဆောအူနှုတ်ခမ်းတွေတုန်ရီရင်းထယ်ယောင်းကိုပြောလိုက်သည်။ ဒါပေမယ့် ထယ်ယောင်းကတော့ဆောအူကိုတစ်ချက်သာကြည့်ပြီး အသံကိုနားစွန့်နေလိုက်၏။
" ယူဂျင်ဆောင်း! လွှတ်လို့ပြောနေတယ်မလား!"
" မင်းစီမှာ မောင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီပဲ။ ဒါကြောင့်မောင်လက်ထပ်ခွင့်တောင်းတာကိုလက်ခံလိုက်။"
ထိုစကားသံကြားစဥ်ထယ်ယောင်း ဒေါသတွေဟာအရှိန်ဟုန်နှင့်မြင့်တက်လျက်။ ထိုနည်းတူ ပွဲတက်လာတဲ့ဧည့်သည်များကလည်းသူတစ်ပြန်ကိုယ်တစ်ပြန်ပြောဆိုနေကြသည်။
သို့သော်။ ထိုဧည့်သည်တွေကထဲကနှစ်ယောက်တော့အပြုံးကိုယ်စီရှိလို့နေသည်။
" လက်မထပ်နိုင်ဘူး။ ငါ့ချစ်သူကိုပဲလက်ထပ်မှာ ဒီကလေးကိုလည်းသူနဲ့ရတဲ့ကလေးလို့ပဲပြောမှာယူဂျင်ဆောင်း!။"
" တောက်စ်! မင်း!"
ဒေါသတစ်ကြီးပြောသံရဲ့အဆုံး ဖွင့်ထားသောအသံကလည်းပိတ်ကျသွားသည်။
ဒါကြောင့်။ ထယ်ယောင်း ဆောအူဘက်ကိုလှည့်လိုက်ပြီး တွဲထားတဲ့လက်ကိုဖြုတ်လိုက်သည်။
ဆောအူကတော့ ငိုနေပြီးထယ်ယောင်းကိုတောင်းပန်သည့်အကြည့်များဖြင့်သာကြည့်လို့နေတော့သည်။
![](https://img.wattpad.com/cover/322597600-288-k151231.jpg)