" ဟုတ်တယ်ကိုကို။ သူ့မှာကျွန်တော်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ။"
ခေါင်းမဖော်ပဲ လက်သီးကိုကျစ်ကျစ်ပါအောင်စုတ်ရင်းပြောလိုက်သည်။
" ဒီမှာ ရှင်ကဘာမလို့ ကျွန်မယောကျာ်းကိုစစ်ဆေးမေးမြန်းနေရတာလဲ !"
ကြားကနေဝင်ပြောလာတဲ့ဆောအူကြောင့် ဂျောင်ဂုရဲ့ဆူးဆူးရဲရဲအကြည့်တွေက သူမထံသို့။
" ကျွန်မယောကျာ်းတဲ့လား။ အဟက်! "
နီရဲပြီးမျက်ရည်ကြည်ရစ်သိုင်းနေတဲ့မျက်ဝန်းများဖြင့်လှောင်ပြုံးပြုံး၍ရယ်လိုက်သည်။
ထို့နောက်။ ကိုင်ဆွဲထားတဲ့ထယ်ယောင်းလက်ကိုလွှတ်လိုက်၏။
" သွား မင်းနဲ့တန်ရာတန်ရာကိုပဲသွားတော့ထယ်ယောင်း။ မနက်ဖြန်ကွာရှင်းစာချုပ်ပို့လိုက်မယ်။"
" မဟုတ်ဘူး ကိုကို။ ကျွန်တော်ကွာရှင်းမပေးနိုင်ဘူး ကိုကို!"
လှည့်မကြည့်ပဲထွက်သွားသည့်ကျောပြင်ကိုထယ်ယောင်းအော်ခေါ်သော်ငှား။ ဂျောင်ဂုကတော့ နာကျည်းချက်များစွာကိုရင်ဝယ်ပိုက်ရင်းကျောခိုင်းသွားလေပြီဖြစ်သည်။
လိုက်သွားမည်ပြင်သော်။
" ဒါဘယ်လဲအချစ်။ ခုနက အဲ့ဒီ့ကောင်ပြောသွားတာဘာသဘောလဲ။ အချစ်Babeနောက်ကွယ်မှာဖောက်ပြန်နေတာလား။"
ဆောအူက လက်မောင်းကိုဆွဲထားတဲ့အတွက်ထယ်ယောင်း ဂျောင်ဂုအနောက်ကိုလိုက်သွားလို့မရတော့ချေ။
" ကိုယ်ရှင်းမပြချင်ဘူးBabe။ ကလေးနဲ့Babeကိုတာဝန်ယူရင်ပြီးရောမလား။"
" ဒါပေမယ့်"
" တော်တော့Babe။ မင်းဘာမှမသိပဲသူ့အပေါ်မှာ ရိုင်းစိုင်းတဲ့နာမ်စားတွေမသုံးပါနဲ့။ ဆရာဝန်စီသွားမယ်။"
ဆောအူကိုခတ်ပြတ်ပြတ်ပြောကာ ဆရာဝန်ရှိရာ အခန်းဘက်သို့ဦးဆောင်သွားသည်။ သို့သော်ဆောအူ၏လက်ကိုတော့မဆွဲ။
ထယ်ယောင်းနဲ့ဂျောင်ဂုကြားကဆက်ဆံရေးကိုဆောအူသိချင်သော်လည်း ထယ်ယောင်းကပေးမသိတာမို့စိတ်ထဲတွင်မတင်မကျဖြစ်နေတော့သည်။
![](https://img.wattpad.com/cover/322597600-288-k151231.jpg)