ကုမ္ပဏီအတွင်းသို့လှမ်းလာသောခြေလှမ်းများသည်မြန်ဆန်လျက်။ ရှိသမျှအင်အားကိုစုရင်း ဒုမန်နေးဂျင်း၏ရုံးခန်းအတွင်းသို့ဝင်သွားလိုက်သည်။
" အော် Mr.Jeonပါလား။ ပြောစရာရှိရင်အန်ကယ့်ကိုခေါ်တာမဟုတ်ဘူး။"
" ရပါတယ်အန်ကယ်။ ကျွန်တော်တို့စကားပြောရအောင်။"
" အာ ဟုတ်ပြီဟုတ်ပြီ"
Mr.Kimလည်း ဂျောင်ဂုရဲ့တောင်းဆိုမှုကြောင့်။ ရုံးခန်းအတွင်းရှိဆိုဖာပေါ်နှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။
" ဘာများလည်း Mr.Jeon"
Mr.Kimရဲ့အမေးအားဂျောင်ဂုချက်ခြင်းမဖြေသေးပဲခဏတာတိတ်ဆိတ်နေသည်။
ဒါကိုသိတဲ့Mr.Kimကလည်း။
" အားမနာတမ်းပြောပါMr.Jeon။ အန်ကယ်တတ်နိုင်တာရှိရင်တစ်ဖန်ပြန်ပြီးကူညီပါ့မယ်။"
" ဒီလိုပါအန်ကယ်။ ပြောရမှာမျက်နှာပူပေမယ့်မရိုသေရာရောက်သွားရင်လည်းကျွန်တော်တောင်းပန်ပါတယ်။
ကျွန်တော်~ အန်ကယ့်သားကိုလက်ထက်ပါရစေ။ သူ့ကိုကျွန်တော်သဘောကျတယ်။"
ဂျောင်ဂုရဲ့စကားအဆုံးMr.Kimရဲ့မျက်လုံးတွေပြူးကျယ်သွားရသည်။ သို့ပေမယ့်လည်းဟန်ပန်ကိုထိန်းလိုက်ရင်း။
" မနေ့ကသားရဲ့သင်တန်းမှာMr.Jeonကဒီအတိုင်းကူညီပြီးပြောလိုက်တယ်ထင်ထားတာ။"
" မရိုသေမှုအတွက်ကျွန်တော်တောင်းပန်ပါတယ်အန်ကယ်။ အဲဒီ့နေ့ကလည်းသူနဲ့ပြောကြည့်ပြီးသွားပါပြီ။ သူကမိန်းကလေးတွေကိုဆွဲလမ်းနေပြီလို့ပြောခဲ့တယ်။
ပြောရရင်အန်ကယ်ရယ်။ ကလေးကိုမပျက်စီးစေချင်လို့ထိန်းကျောင်းပေးချင်တဲ့သဘောပါ။ မေတ္တာရေးအရကောပေါ့။"
" ဟင်း~ အန်ကယ်လည်းသဘောပေါက်ပါတယ်ကွာ။ အမှန်တိုင်းပြောရရင်သားကိုမိန်းမကောင်းလေးတစ်ယောက်နဲ့တွဲဖက်စေချင်တာတော့အမှန်ပဲ။
အခုMr.Jeonကသားကိုသဘောကျတယ်ဆိုတော့ ခတ်တော့ခတ်သား။"
" အန်ကယ်သာသဘောတူပေးမယ်ဆိုရင်နောင်တစ်ချိန် J Fire Groupက ကလေးအပိုင်ဖြစ်လာမှာပါ။ အန်ကယ်လည်း ဒုမန်နေးဂျင်းအလုပ်လုပ်စရာမလိုတော့ပဲ အိမ်တစ်အိမ်နဲ့ကားတစ်စီးကအစလိုလိုသင့်မရှိအောင်ထားပေးပါ့မယ်။"
