Part-1

2.5K 104 5
                                    

" အစ်ကို ဒီနေ့ ဘယ်သူတွေနဲ့ ချိန်းထားတာ ရှိလဲ "

" Diamond group က စီအီအို နဲ့ နေ့လယ် 11နာရီမှာ
နေ့လည်စာ စားရင် ပရောဂျက် အကြောင်းဆွေးနွေးမလို့
ဆိုပြီး ချိန်းထားတာ ရှိပါတယ် "

" အင်း..အခုက10နာရီပဲ ရှိသေးတော့ လိုသေးပါတယ်
ရပြီအစ်ကို သွားလို့ရပြီ "

Markတစ်နည်းအားဖြင့်
ကျွန်တော့်ရဲ့ အတွင်းရေးမှူးလိုရော အကိုလိုရော
အားကိုးရ‌တဲ့သူပေါ့ ။

" ဟိုကောင် gemini!! ဘယ်သွားမလို့လဲ "

အိမ်ထဲကနေဆိုင်ကယ်သော့ယူပြီး အပြင်ထွက်ဖို့လုပ်နေသည့်လူဆိုးလေးအား အဖေဖြစ်သူ မေးလိုက်ခြင်း ဖြစ်သည်။

" ဘယ်သွားသွား ဒယ်ဒီ့ အလုပ်မဟုတ်ဘူး "

ထို့နောက် ဆိုင်ကယ်အနက်ရောင်လေးတွေ ခြံဝန်းကျယ်ကြီးဆီမှ ထွက်ခွာခဲ့သည်။

Home မရှိဘူး ကိုယ့်အတွက် homeဆိုတာ မရှိဘူး
House ဆိုတာပဲ ရှိ‌တယ်။သူ 10နှစ်သားလောက်မှာ မာမီက နှလုံးရောဂါနဲ့ ဆုံးသွားခဲ့တယ် ။ မာမီဆုံးတာ
10နှစ်ပြည့် နှစ်ပတ်လည်မှာ ဒယ်ဒီက နောက်မယားကို အိမ်ပေါ်ခေါ်တင်ခဲ့တယ် ဖြစ်ချင်တော့ အဲ့ဟာမက ကိုယ့်အထက် အသက် 2နှစ်ဘဲကြီးသည်။

ဒယ်ဒီ အဲ့ဟာမကို အိမ်ပေါ်ခေါ်တင်တဲ့အချိန်
ကနေ စလို့ geminiတို့ အိမ်မကပ်တော့ပါ။
ဘန်ကောက်တစ်မြို့လုံးကို နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ်
ဆိုင်ကယ်တစ်စီးဖြင့် လျှောက်ပတ်လေ့ရှိသည် တစ်ခါတလေအိမ်တောင် မပြန်ဖြစ်။

ငါကားမောင်းရင်းနဲ့ ဗိုက်ဆာလာသည်မို့ တွေ့တဲ့
စားသောက်ဆိုင်ရှေ့ကားရပ်ကာ ဗိုက်ကို ဖြည့်ဖို့ပြင်တော့သည်။

" ဘာများသုံးဆောင်မလဲရှင့် "

" ကွေ့တီယိုတစ်ပွဲပေး "

" ဟုတ် ခနစောင့်ပါ "

ဘောင်းဘီအိတ်ကပ်ထဲမှ စီးကရတ်ဘူးကို ထုတ်လိုက်ပြီး
ထိုထဲမှာ စီးကရတ် တစ်လိပ်ယူကာ မီးခြစ်နဲ့ညှိပြီး
သောက်ရန် ပြင်လိုက်တယ် ။ ထို့နောက် မှာထားတဲ့အရာအား စောင့်နေတော့သည်။

" Fourth သွားရအောင် 10နာရီ 45မိနစ်ဖြစ်နေတယ်
ဟိုရောက်ရင် ကွက်တိပဲလေ "

Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}Where stories live. Discover now