1

2.7K 107 1
                                    

Uni

"အကို ဖုန်းရန် ဒီကြိုးကြာလေးယူမလား "

"ရှောင်းလေးပေးတာဘာမဆိုအကိုမငြင်းဘူး"

အေးစက်တယ်သိမ်မွေ့တယ်နူးညံ့တယ် ရှောင်းအိမ်တော်ရဲ့တစ်ဦးတည်းသောသားက လိုလိုချင်ချင်ပေးတာကိုဘယ်သူကမယူချင်ပဲနေပါ့မလဲ

"ရှောင်းလေးအတိုင်းပဲ ချစ်စရာကောင်းတယ်နော် "

"ကျနော်ကိုယ်တိုင်လုပ်ထားတာလေ "

ကျောင်းတော်ကြီးတစ်ခုလုံးမှာရှောင်းသခင်လေးရဲ့အဖော်ဆိုလို့ ဖုန်းမင်ရန်တစ်ယောက်ပဲရှိတယ် အနေအေးတဲ့ရှောင်းသခင်လေးမှာအဖော်ရှားတယ်။ဖုန်းရန်နဲ့ပဲနေ့လည်စာစားတယ်အချိန်တန်ရင်လာကြိုတဲ့ကားပေါ်ပြန်တက်သွားတယ် ရှောင်းသခင်လေးဘဝကပျင်းဖို့ကောင်းတယ်။အရီအပြုံးလည်းနည်းတယ်ပြုံးတာဆိုတာဘာမှန်းရောသိရဲ့လားမသိဘူးဒါပေမဲ့သူကဖုန်းရန်နဲ့ဆိုအပြုံးမဆိုသာလေးပြုံးတယ်

"ပြန်တော့မယ် မနက်ဖြန်တွေ့ကျမယ် ‌နှုတ်ဆက်ပါတယ် အကိုဖုန်းရန်"

"ကောင်းပြီ အကိုနဲ့တူတူပြန်မယ် "

"ရပါတယ် ကျနော်ကားကအရှေ့မှာရောက်နေပြီ "

ထွက်သွားတဲ့ကျောပြင်လေးနှေးကွေးတယ်မျက်နှာလေးကမှိုင်တွေနေတယ်ဒါကိုဘယ်သူမှမသိဘူးရှောင်းသခင်လေးရဲ့ချစ်ပါတယ်ဆိုတဲ့ဖုန်းရန်ကအစပေါ့။ငွေကြေးချမ်းသာတိုင်းမပျော်ရဘူးဆိုတာကိုလူတိုင်းကိုသိစေချင်တယ်။ဥပမာရှောင်ကျန့်ကိုကြည့်လေသူ့ဘဝကအဆုံးသတ်ရတော့မယ် ။

"ရှောင်ကျန့် ငါ့ကိုအဖြေမပေးဘူးလား "

"ကျူးပိုင် မင်းရူးနေလားငါတို့ကညီကိုတွေလေ ငါမင်းကိုပြန်မချစ်နိုင်ဘူး"

"ဘာညီကိုလဲ စောက်ရူးညီကိုလားမင်းကျပ်ကျပ်သတိထားနေ တက်ကားပေါ်"

ရှောင်ကျန့်ကကားပေါ်ကိုဖြည်းဖြည်းလေးတက်တယ်။ကားကတော့အကြမ်းပတမ်းပဲမောင်းထွက်သွားတယ်။
ဒါကတော့ရှောင်ကျန့်နေ့စဉ်ကြုံတွေနေကျပေါ့လေ ။ ရှောင်းသခင်ကြီးကရှောင်ကျန့်အမေဆုံးတော့နောက်အိမ်ထောင်ပြုလိုက်တယ်။နောက်အိမ်ထောင်မှသားနှစ်ယောက်ပါလာတယ် ။အကိုကြီးက ကျူးဖိုင်မင်း၊အခုကတော့အငယ်ကောင်ပေါ့ ကျူးပိုင်မင်း သူတို့ကရှောင်ကျန့်အတွက်တော့ငရဲပဲ။ရှောင်းသခင်ကြီးကမိထွေးမိသားစုကိုယုံပြီးရှောင်ကျန့်ကိုထားခဲ့တယ်အဝေးကနေ့ငွေပို့ပြီးအလုပ်တွေ‌ကြိုးစားနေလေရဲ့တစ်လတစ်ခါတောင်ပုံမှန်မလာဖြစ်ဘူးလေ။ရှောင်ကျန့်ကဒီဘဝကြီးကိုသိပ်မုန်းတာ။ရှောင်ကျန့်မသိခဲ့တာမိထွေးကသူ့ကိုကျွေးတဲ့အစာမှန်သမျှမှာအစာအိမ်ကိုထိခိုက်စေတဲ့ဆေးတွေအမြဲကျွေးတယ်ဆိုတာပဲ။ရှောင်ကျန့်ဘဝသနားဖို့ကောင်းတယ်။

My husband saved meWhere stories live. Discover now