18

593 84 5
                                    

Uni

"ဝါးးးမုန့်တွေအများကြီးပဲ "

မုန့်ဆိုတာနဲ့ကျန့်ကျန့်ရဲ့မျက်လုံးလေးတွေကဘလင်းဘလင်းကိုထနေတာပဲ။

"စားမယ်နော် ရိပေါ် ဟိုအအေးဘူးလေးယူပေးပါဦး "

အပြောကနောက်လက်ကအရင်ရှောင်ကျန့်ဟာမုန့်တွေကိုတစ်ခုပြီးတစ်ခုစားရင်းရိပေါ်ကိုလဲအာဏာပြပါသေးတယ်။ရိပေါ်မှာ‌ ‌တော့အအေးကိုဖောက်ပေးရင်းပြုံးပြုံးကြီးသာလိုက်ကြည့်နေတယ်။ရိပေါ်ဝတ်ပေးတဲ့အင်္ကျီနဲ့ရှောင်ကျန့်ကသိပ်လှပါတယ်။ဘာလို့လှဆိုရိပေါ်ပေးတဲ့အမှတ်နီနီလေးတွေကိုမြင်နေရလို့ပိုလှပါတယ်။

"ရိပေါ် ဒီကိတ်လေးခွဲပေးပါဦး "
"ရိပေါ်အအေးထပ်ထည့်ပေးဦး"
"ရိပေါ်ဟိုနားကမုန့်ကျန့်ကျန့်မမှီဘူး လုပ်ပါဦး"
"ရိပေါ်  လိမ္မော်သီးကချိုတယ်နော် "

ရိပေါ်ရဲ့ခြံထွက်လိမ္မော်သီးကိုလည်းအလည်လေးရှောင်ကျန့်ကအမွှန်းတင်ပေးပါသေးတယ်။ရိပေါ်သိပ်ကိုသဘောကျရပါတယ်ရှောင်ကျန့်ကသူ့ကိုအားကိုးတာလည်းသဘောကျတယ်။ရှောင်ကျန့်ရဲ့သွက်လက်နေတဲ့နှုတ်ခမ်းလေးက ရိပေါ်နာမည်ကိုတဆာဆာခေါ်နေတာကိုလည်းသဘောကျတယ်။

"အားး ဗိုက်ကြီးပူလာပြီ "

"ဘာဖြစ်လို့လဲ ဘယ်နားလည်းဟင် ဗိုက်နာလို့လားကိုယ့်ကိုပြော ဆရာဝန်ခေါ်ရမလား "

ရှောင်ကျန့်အော်သံကြောင့်ရိပေါ်ကပြာပြာသလဲမေးရှာပါတယ်။ဒါပေမယ့်ကျန့်ကျန့်ဆိုတာစောက်တလွဲဦးနှောက်လေးနဲ့ပါလူတွေရယ်။

"ကျန့်ကျန့်မလှတော့ဘူး ကျန့်ကျန့်ရုပ်ဆိုးနေပြီ ရိပေါ်ကယ်ပါဦး "

အစားလွန်ပြီးပူတင်းလာတဲ့‌ဗိုက်ကိုရှောင်ကျန့်ကစမ်းမိတော့‌မျက်ရည်လေးတစမ်းစမ်းနဲ့မထွက်တာကိုအတင်းညှစ်ပြီးဘေးမှထိုင်နေတဲ့ရိပေါ်ကိုမျက်လုံးရွဲကြီးနဲ့ပြောရှာတယ်။ရိပေါ်ကရှောင်ကျန့်ရဲ့မျက်လုံးရွဲကြီးနဲ့ကြည့်တာကိုမခံနိုင်ဘူးချစ်လွန်းလို့ချစ်လိုက်တာချစ်လိုက်တာဗျာဆိုပြီးဆွဲဖက်ပြီးအိပ်ပလိုက်ချင်ပါတယ်။ရှောင်ကျန့်ကရိပေါ်ကိုအဲ့သလိုပြုစားနိုင်ပါတယ်။

My husband saved meTahanan ng mga kuwento. Tumuklas ngayon