17 !!!

810 63 7
                                    

Uni

{အနည်းငယ်ရိုင်းတာပါပါမယ် idol  image ကိုထိခိုက်စေလိုစိတ်မရှိပါဘူး အကယ်၍ရိုးသားတဲ့ဖိုးသခွားအုပ်ဆိုရင်ဒီအပိုင်းကိုကျော်ဖတ်လိုက်ပါဗျ  }

ရိပေါ်ကရှောင်ကျန့်ကိုအခန်းထဲထိဆွဲခေါ်သွားတယ်။ပြီးတော့တံခါးကိုလော့ချလိုက်လေတယ်။

"ရိ ရိပေါ်ဘာလို့ကျန့်ကျန့်ကိုကြည့်နေတာလဲ "

"ရိပေါ် မလာပါနဲ့ဆို
ရိပေါ် မကြည့်နဲ့လို့
ရိပေါ်  ကျန့်ကျန့်ကြောက်လာပြီနော်
ရိပေါ် .. ဖယ်လို့
ရိပေါ်..."

ရိပေါ်ကရှောင်ကျန့်ဆီကိုတလှမ်းချင်းတိုးလာတယ်။စူးစူးရဲရဲစိုက်ကြည့်နေတဲ့ရိပေါ်ကြောင့်ရှောင်ကျန့်ကလန့်ချင်လာတယ်။ရိပေါ်ကတိုးရင်ရှောင်ကျန့်ကနောက်ဆုတ်တယ်။တဖြည်းဖြည်းရှောင်ကျန့်ကကုတင်ပေါ်ကိုဖင်ထိုင်ရက်ကျသွားတယ်။ရိပေါ်ကရှောင်ကျန့်ရှေ့တည့်တည့်မှာရပ်လိုက်ပြီးစိုက်ကြည့်နေဆဲပဲ။ရှောင်ကျန့်ရဲ့ပါးစပ် ကရိပေါ်ခြင်းထပ်နေတာရိပေါ်တော်တော်စိတ်ညစ်လာပြီ။

"အာ နားငြီးလာပြီကွာ ဘာလို့ကိုယ်နဲ့မအိပ်ချင်တာလဲ "

"ဟိုလေ ကျန့်ကျန့်ကအိပ်တာကြမ်းလို့ပါ ခွမ်းမင်ကပြောတယ်ကျန့်ကျန့်ကအိပ်ရင်သူ့ကိုကန်လဲကန်တယ်ပါးတွေလဲရိုက်တယ်တဲ့ ကျန့်ကျန့်ကမသိပါဘူး သူကလာပြောတာ"

"ကြိုက်တယ် ကိုယ်ကလဲကြမ်းတာမှကြိုက်တာ အဆင်ပြေတယ် ကိုယ်နဲ့ပဲအိပ် "

"ရိပေါ် တကယ်ပြောတာလား "

ခေါင်းလေးစောင်းပြီး‌ရိပေါ်ကိုမယုံသလိုကြည့်တဲ့ရှောင်ကျန့်ကတကယ်ကိုချစ်ဖို့ကောင်းပါတယ်။ရိပေါ်ထိန်းထားခဲ့တာရွာမှာဆိုလဲလူကမလစ်အိမ်မှာဆိုလဲလူကမလစ်နဲ့အခုသူ့အခန်းထဲမှာဆိုတော့ဘာမှမရှိဘူးလစ်တယ်။ရိပေါ်ကအဲ့လိုတွေးပြီးရှောင်ကျန့်နဲ့အတူအိပ်ယာပေါ်ကိုပစ်လှဲချလိုက်တယ်။ရှောင်ကျန့်ကလန့်ပြီးရိပေါ်လည်ပင်းကိုလက်သိုင်းမိသွားတယ်။ပျော့အိနေတဲ့မွေ့ယာကြီးရဲ့တွန်းကန်အားနဲ့ရှောင်ကျန့်ရဲ့နှုတ်ခမ်းလှလှနဲ့ရိပေါ်ရဲ့နှုတ်ခမ်းဟာဂဟေဆပ်သွားတယ်။ရိပေါ်ကအဲ့တာကိုအခွင့်ကောင်းယူပြီးလွှတ်မပေးပဲမွတ်မွတ်သိပ်သိပ်နမ်းတော့တယ်။

My husband saved meNơi câu chuyện tồn tại. Hãy khám phá bây giờ