Uni
"တကယ်ကြီး မြို့ကိုသွားတော့မှာလားဗျာ "
"တကယ်ပေါ့ကွ ငါကလိမ်နေတဲ့ရုပ်ပေါက်လို့လား "
ရှောင်ကျန့်ကလေးတစ်အုပ်နဲ့ကွပ်ပစ်အောက်ကမြေပြောင်ပြောင်မှာအစည်းအဝေးပွဲကျင်းပနေသည်။ကလေးတွေကြားမှာရှောင်ကျန့်ကဖြူပြီးထင်းထွက်လို့။ရွာကဘယ်ကလေးကများဖြူမလဲအကုန်ထညက်ခဲလေးတွေချည်ပဲ။
"မဟုတ်ပါဘူးဗျာ ကိုကြီးရှောင်မရှိတော့ကျုပ်တို့ကဘယ်သူ့အိမ်သွားဆော့ရတော့မှာလဲ "
"မင်းတို့ကလည်းကွာ ကျောင်းတက်နေကျတာပဲစာလုပ်ကျပေါ့ "
"ကျုပ်တို့စာလုပ်ပါတယ် ကိုကြီးရှောင်မြို့ကပြန်လာရင်ကျုပ်တို့ဖို့ ထောပတ်ဘီစကွတ်မုန့်တို့၊ဂျေးဒိုးနတ်တို့၊ပက်စပီအချိုရည်တို့အရသာရှိတာတွေဝယ်ပြီးပြန်လာနော်"
"ဟုတ်ပြီကွာ ငါပြန်လာရင်ဝယ်ခဲ့မယ် မင်းတို့စာကြိုးစားကျ အခုငါတို့မသွားခင်ဆော့ကျမယ်လေ "
ကလေးတွေမို့ဘာကိုထူးပြီးဝမ်းနည်းရမလဲ။ငိုလဲခနပေ့ါကြာတော့မေ့သွားတာ။ကလေးစိတ်ကနုနယ်ပါတယ်။
"ကျုပ်တို့မှာတာတွေမမေ့နဲ့နော် သိလား ဘာလုပ်တိုင်းဆော့မှာလဲပြော "
"ရုပ်ရှင်မင်းသား/သမီး ဖွက်တိုင်းဆော့မယ် "
"အိုကေ အဖွဲ့ခွဲကျမယ် ကျုပ်တို့ကမင်းသားလုပ်မယ် "
"ဟာမင်းတို့ကလဲ အဲ့ဆိုငါတို့အဖွဲ့ကမင်းသမီးလုပ်ရမှာလား ပြီးတော့လည်းငါ့ဘက်မှာ မိဖိုင်၊မိရုန်၊မိရှင်း ကြည့်ဦးမိန်းကလေးကသုံးယောက်တောင်မင်းတို့ဘက်ကျ ယောကျာ်းလေးတွေများနေတယ်လူပြန်ခွဲကွာ "
"မရဘူးလေဗျာ သူ့ဘာသာလူခွဲရင်းကျတာကို ကျုပ်တို့လုပ်တာမှမဟုတ်တာပြီးတော့ကိုကြီးရှောင်ကချောတယ်လေဗျာ လှလည်းလှတယ်ကျုပ်တို့ကချောလည်းမချောဘူးလှလည်းမလှဘူးအဲ့တာကြောင့်မင်းသားလုပ်မယ် "
ရှောင်ကျန့်တစ်ယောက်ဆူပုတ်ပုတ်နဲ့ပဲလက်ခံလိုက်ရပါတယ်။သူကအဖွဲ့ထဲမှာအရမ်းချောနေတော့အကုန်လုံးကိုအားနာမိပါတယ် ။ဒါပေမယ့်သူကဆက်ချောနေမှာပါ။