Uni
ခွမ်းမင်ကနောက်နေ့မနက်အလုပ်မသွားခင်အဘွားကိုမှာခဲ့တယ်ရှောင်ကျန့်ကိုအိမ်မှာတစ်ယောက်တည်းထားပြီးဆေးလိပ်ခုံမသွားဖို့ကို။
"မြေးရှောင် မင်းလူစိမ်းတွေနဲ့စကားပြောတယ်ဆို "
"မပြောပါဘူး အဘွားရယ်"
"ခွမ်းမင်ကပြောတယ်မင်းလူစိမ်းကျွေးတဲ့မုန့်တွေလဲစားတယ်ဆို "
မုန့်လည်းကျွေးရသေးတယ်ရှောင်ကျန့်ကိုလဲအပြစ်ပြောတဲ့ခွမ်းမင်ကိုစိတ်ဆိုးလိုက်တာ။
"ကျန့်ကျန့်က မယူပါဘူးသူကအတင်းပေးတာ "
ရှောင်ကျန့်တို့မြေးအဘွားစကားပြောတုန်းခြံထဲကိုရိပေါ်ကဝင်လာတယ်။ရှောင်ကျန့်ကရိပေါ်ကိုကြည့်ပြီးတွေးလိုက်တယ်။သူကအမြဲဒီအိမ်ပဲလာနေတာအခုပဲကြည့်လေသူများသားသမီးအိမ်ကိုစောစောစီးစီးရောက်လာပြန်ပြီသူအရမ်းအားနေတာလား။
"သားရိပေါ် အဘွားတို့အိမ်အလည်လာတာလား"
"ဟုတ်အဘွားနေကောင်းလား "
"ကောင်းတယ်သားရေ လာထိုင် "
ရှောင်ကျန့်ကကြောင်တောင်တောင်ဖြစ်သွားတယ်။အဘွားကရိပေါ်ကိုသားလို့ခေါ်တယ်လေ။ဘယ်တုန်းကသိတာလဲရှောင်ကျန့်ကိုကျလူစိမ်းကိုမခေါ်နဲ့တဲ့အခုအဘွားကလူစိမ်းကိုအိမ်ပေါ်ခေါ်နေပြီ။
"အဘွား ကျန့်ကျန့်ကိုမုန့်တွေကျွေးတာသူလေ "
ရှောင်ကျန့်ကအဘွားလက်ကိုတွဲပြီးအိမ်ပေါ်တက်ဖို့ပြင်နေတဲ့ရိပေါ်ကိုလက်ညိုးထိုးပြီးပြောလိုက်တယ်။ဟုတ်တယ်လေရှောင်ကျန့်ကအခုလူစိမ်းကြောင့်အဆူခံနေရတာ။
"ကဲပါ အိမ်ပေါ်ရောက်မှာပြောတော့ "
တွေ့လားအဘွားကမုန့်တွေလာကျွေးတဲ့လူစိမ်းကိုကျမဆူဘူး။မတရားလိုက်တာ။ရှောင်ကျန့်ကဆူပုတ်ပုတ်မျက်နှာရိပေါ်တို့နောက်ကလိုက်ပြီးအိမ်ပေါ်တက်တယ်။
"သားကိုဧည့်ခံစရာမရှိဘူးကွယ် အဘွားတို့အိမ်မှာရေပဲရှိတယ်"
အဘွားကအားနာနာနဲ့ရိပေါ်ကိုပြောတယ်။ရိပေါ်အခုမှသေချာကြည့်ရတယ်ရှောင်ကျန့်တို့အိမ်လေးကသေးသေးလေး။အထဲမှာလဲရှင်းလင်းနေတယ်။ရေအိုးစဉ်လေးတစ်ခုရှိတယ်ကျန်သိပ်မရှိဘူး။