Uni
နေကလဲပူလာတာမို့လျှောက်ရင်းကောက်ရိုးပုံပေါ်ထိုင်လိုက်တော့အေးနေတာပဲတစ်ကိုယ်လုံးအရိပ်ကောင်းရလိုက်သလိုပဲ။ဘယ်လိုပြောရမလဲရေခဲအငွေ့တွေလာရိုက်သလိုမျိုးအေးသွားတယ်။
"ရှောင်ကျန့် "
"ဘာလဲရိပေါ် "
ရှောင်ကျန့်ကသဘာဝရဲ့အရသာကိုခံစားတုန်းရိပေါ်ကခေါ်လိုက်တာမို့အရှိန်ပြတ်သွားတယ်။ဒါပေမယ့်ရိပေါ်ကရှောင်ကျန့်ကိုဘယ်တုန်းကခူးမှန်းမသိတဲ့ပန်းသေးသေးလေးပေးတယ်။
"ဘယ်တုန်းကခူးလိုက်တာလဲ "
"မင်းပန်းတွေကိုကြည့်နေတုန်းကပေါ့ ပန်းတွေလှလား "
"အင်း လှတယ် တစ်ခါမှခုလိုအပြင်အေးဆေးမထွက်ဖူးဘူး"
စကားပြောနေတုန်းရှောင်ကျန့်နားကိုနေကတဖြည်းဖြည်းပူလာတယ်။နောက်တော့ရိပေါ်ကရှောင်ကျန့်ကိုသူ့ပေါင်ခွကြားထဲသွင်းထားလိုက်တယ်။ရှောင်ကျန့်ကလန့်သွားပေမယ့်အေးတယ်။နေလို့ကောင်းတယ်။
"ပန်း ပန်ပေးရမလား "
ရိပေါ်ကပန်းကိုရှောင်ကျန့်မျက်နှာရှေ့လှည့်ပြီးဆော့ရင်းပြောတယ်။ရှောင်ကျန့်ကရိပေါ်ကိုခေါင်းလေးမော့မေးတယ်
"ပန်း ပန်ရင်ကျန့်ကျန့်အရမ်းလှသွားမှာနော်"
"အင်း ကျန့်ကျန့်ကဒီတိုင်းလေးနေလဲလှတယ်"
ရိပေါ်ပြောတော့ရှောင်ကျန့်ကသဘောကျရယ်လိုက်တယ်။နောက်တော့ရိပေါ်ကရှောင်ကျန့်နားသည်နားလေးကိုပန်းအဝါလေးပန်ပေးတယ်ဘေးတစောင်းနဲ့အပေါ်စီးမြင်ရတဲ့ရှောင်ကျန့်ကသိပ်လှတယ်။ရှောင်ကျန့်ကရိပေါ်ပန်ပေးတဲ့နားကပန်လေးကိုကိုင်ရင်းယုန်သွားပြူးပြူးလေးပေါ်တဲ့အထိပြုံးတယ်သိပ်လှတာပဲ။
"ရိပေါ်ကဒီရွာမှာနေတာလား "
ရှောင်ကျန့်ကရိပေါ်ရဲ့ရင်ခွင်ကိုမှီပြီးမေးလိုက်တယ်။ရှောင်ကျန့်ထင်တယ်ဒီရင်ခွင်ကြီးကအရမ်းနေလို့ကောင်းတယ်နတ်ပြည်ကြီးလိုပဲ။နတ်ပြည်ရောက်ဘူးလို့လားလို့ရှောင်ကျန့်ကိုမမေးနဲ့ကျန့်ကျန့်နေလို့ကောင်းရင်နတ်ပြည်ပဲ။