Uni
ရိပေါ်ကရွာမှာဆက်သွယ်ရေးတိုင်တွေထောင်မှာမို့လမ်းတွေကိုလိုက်ကြည့်နေရင်းရှောင်ကျန့်တို့အိမ်နားကိုပြန်ရောက်လာတယ်ဘေးမှာလဲရွာသားအဖော်ပါသေးတယ်။ရှောင်ကျန့်တို့အိမ်ကခုနကလိုတိတ်ဆိတ်မနေဘူးပွက်လောရိုက်နေတယ်။ကလေးတွေလဲပြည့်နေတယ်။ရှောင်ကျန့်ကိုကြည့်တော့ကလေးတွေရဲ့အလယ်မှာဘာရှာနေလဲမသိဘူး။ကလေးတွေကတော့ကိုကြီးရှောင် ပြေးပြေးလို့ဝိုင်းအော်နေကြတယ်။နောက်တော့ရှောင်ကျန့်ပြေးတာကိုရိပေါ်မြင်လိုက်တယ်။အရှိန်နဲ့ပြေးတာမို့လဲကျတော့မယ့်အနေအထားမှာရိပေါ်ကအမြန်ပဲလှမ်းဆွဲဖမ်းလိုက်ရတယ်။
"ရှောင်ကျန့် အဆင်ပြေလားဘယ်နားထိသွားသေးလဲ !"
ရှောင်ကျန့်ကနတ်ပြည်ရောက်နေပြီလို့ထင်ပေမယ့်စိုးရိမ်လို့အော်ခေါ်နေတဲ့ရိပေါ်အသံကိုကြားလိုက်ရတယ်။အခုသူကရိပေါ်ရဲ့ရင်ဘတ်မှာမျက်နှာအပ်ထားတယ်မှောက်ခုံကြီးလေ။
"ရှောင်ကျန့် အဆင်ပြေလား "
ရှောင်ကျန့်ဘာမှမပြောနိုင်ဘူးမြန်မြန်ပဲထလိုက်ရတယ်ဘာလို့ဆိုရိပေါ်ကမြေကြီးမှာပက်လက်ကြီးဖြစ်နေတယ်လေကလေးတွေကလဲဝိုင်းအုံပြီးလာကြည့်နေကြတယ်။
"ကိုကြီရှောင် အဆင်ပြေလား "
"ရ..ရတယ် ဘာမှမဖြစ်ဘူး"
"အကိုလေး .ထထ"
ရွာသားကရိပေါ်ကိုလာထူပေးတယ်။ဖုန်တွေခါပြီးရိပေါ်ကရှောင်ကျန့်ကိုကြည့်လိုက်တယ်။ရှောင်ကျန့်ဘေးမှာကလေးတွေကရပ်နေကြတယ်။လူကသေးသေးကျုံ့ကျုံ့နဲ့အရမ်းကမြင်းတယ်။ရှောင်ကျန့်ကရိပေါ်ကိုမော့မကြည့်ပဲ ပြောလိုက်တယ်
"ကျေးဇူးတင်ပါတယ် ရိပေါ် "
ရိပေါ်ကရှောင်ကျန့်ကိုဘာမှမပြောဘူးကလေးတွေကိုကြည့်ပြီးမှာသွားတယ်
"အရမ်းမဆော့နဲ့မင်းတို့အကိုကြီးရှောင်ကလေတိုက်ရင်တောင်လွှင့်တော့မယ် "
ပြောပြီးရိပေါ်ကထွက်သွားတယ်။ရှောင်ကျန့်ကရိပေါ်ရဲ့ကျောပြင်ကိုကြည့်ပြီးစူပုတ်ပုတ်နဲ့မကြေမချမ်းဖြစ်သွားတယ်။ရှောင်ကျန့်ကသူ့ကိုပိန်တယ်ပြောရင်မကြိုက်ဘူးသူကဗလကြီးလေ။ကလေးတွေကတော့ရှောင်ကျန့်ကိုကြည့်ပြီးပြုံးစိစိနဲ့ပြန်သွားကြတယ်။ဘာလို့ဆိုအဘွားချန်းပြန်လာပြီလေတော်ကြာသူမြေးလဲတာသိရင်အော်တော့မှာ။
ရှောင်ကျန့်ကအဘွားဆီပြေးသွားပြီလက်ချိတ်လိုက်တယ်။