19

489 60 3
                                    

Uni

"ရိပေါ် ဘယ်သွားမို့လဲဟင်"

"လာပါ ကျန့်ကျန့်ရဲ့ကိုယ်ရှိတယ်လေ "

အိမ်စင်အောက်ကိုဝင်လာတဲ့ကားကိုမြင်တာနဲ့ရိပေါ်ခေါ်ရာနောက်ကိုခုန်ပေါက်လိုက်လာတဲ့ရှောင်ကျန့်ကတုန့်ကနဲရပ်ပြီးငိုမဲ့မဲ့မျက်နှာလေးနဲ့မေးတယ်။

"ဟင့်အင်း ကျန့်ကျန့်ဒါကြီးမစီးဘူး"

"ကျန့်ကျန့်ဒါကိုစီးဖူးတယ်မို့လား ဘာမှမဖြစ်ဘူးလေ အခုထပ်စီးကြည့်ကျန့်ကျန့်ဒါကိုကြောက်မှာမဟုတ်တော့ဘူး ကြောက်တဲ့အရာကိုရဲရဲဝံ့ဝံ့‌ရင်ဆိုင်နေကြည့်ရတယ် အဲ့တာမှလောကမှအဆင်ပြေမှာ ကြောက်နေလို့ဘာမှဖြစ်မလာဘူး ကြားလား ကိုယ့်ကိုယုံ"

"ဟုတ်..ဟုတ်ကဲ့ပါရိပေါ်"

ခေါင်းလေးတညိမ့်ညိမ့်နဲ့လိမ္မာယဉ်ကျေးတဲ့ရိပေါ်ပေါင်ပေ့လေးပါ။ကားတံခါးကိုဆွဲဖွင့်လို့ရဲရဲဝံ့ဝံ့ကိုတက်သွားတာရိပေါ်ကတော့နောက်ကနေပိတီပြုံးကြီးနဲ့လိုက်တက်ခဲ့တော့တယ်။
ကားပေါ်ရောက်တာနဲ့ရိပေါ်တပည့်ကိုအမိန့်ပေးလိုက်တယ်။

"***ဆေးရုံကိုမောင်း "

"ဟုတ်ကဲ့ Boss"

""ဘယ်လိုလဲ အဆင်ပြေလား "

"နည်းနည်းတော့ရင်တုန်နေသလိုပဲ "

‌ယုန်သွားလေးထင်းနေအောင်ရယ်ပြီးရင်ဘတ်ကလေးကိုဖိထားတဲ့ပေါင်ပေ့ကိုရိပေါ်မှာအသည်းတွေယားနေရတယ်။ချစ်ဖို့ကောင်းလိုက်တာဗျာ။ရိပေါ်ကလက်သေးသေးလေးကိုဆွဲယူပြီးစုပ်ကိုင်ထားလိုက်တော့ဇက်လေးပုပြီးပြုံးပြတယ်။ပြုံးပြန်တော့လည်းနှုတ်ခမ်းအောက်ကလှပတဲ့မှည့်နက်လေးကဆွဲဆောင်မှုရှိရှိမြင်ရပြန်တယ်။ရိပေါ်ရဲ့ပေါင်ပေ့ကဘယ်လိုနေနေဘယ်အလှနဲ့မှတုနှိုင်းမရတဲ့အလှလေး။

ရှောင်ကျန့်ရဲ့လက်ကိုတယုတယကိုင်ထားတဲ့ Boss ဖြစ်သူကိုကြည့်ပြီးရှန်ကုရင်လေးမိတယ်။ချစ်ရဲ့သားနဲ့ဘာလို့သူ့ကိုမေ့သွားနိုင်တဲ့အရာကိုကူညီနေရတာလည်းရှန်ကုစဉ်းစားမရဘူး။အကယ်၍ရှောင်ကျန့်သာနေပြန်ကောင်းရင်Bossကိုမေ့သွားနိုင်တယ်မလား။ရှောင်ကျန့်ကိုဘယ်လောက်ချစ်လည်းဆိုစခေါ်လာပါပြီဆိုတဲ့နေ့ကတည်းကစကားဆိုလိုတာထက်မပိုတဲ့Bossကရှောင်ကျန့်ကိုဘယ်လိုဂရုစိုက်ရမည်ဖြစ်ကြောင်း၊ရှောင်ကျန့်ကိုသူ့ကိုစောင့်ရှောက်သလိုစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ရှောင်ကျန့်ဆိုတာကိုနှုတ်ကမချအောင်မှာလွန်းလို့ ရှန်ကုတို့လေးယောက်ရှောင်ကျန့်ကိုအတော်ပင်ရင်းနှီးနေသည်။ရှောင်ကျန့်ကအရမ်းကိုချစ်စရာကောင်းသည်။

My husband saved meWhere stories live. Discover now