12

551 67 5
                                    

Uni

"မြေးရှောင်ကိုမနက်အစောပိုင်းတွေ့ခဲ့ကျတာအသက်ကယ်အင်္ကျီလေးနဲ့မျောလာတယ်လို့ပြောကြတယ် သင်္ဘောတွေဘာတွေများမှောက်ပြီးမျောလာလေသလားမသိဘူးကွယ်နိုးလာတော့လဲဘာမှမမှတ်မိဘူးကွယ်အဲ့တာနဲ့ဒီဆွဲကြိုးလေးကိုဖတ်ပြီးနာမည်သိလာရတာပဲ အဟွတ် ဟွတ် "

"နေဦးအဖွား ကျွန်တော်ရေခပ်ပေးမယ် "

စကားအများကြီးပြောရတော့အဖွားကလည်ချောင်းခြောက်ပြီးချောင်းထဆိုးတယ်။ရိပေါ်ခပ်ပေးတဲ့ရေကိုသောက်ပြီးအဖွားကဆက်ပြောတယ်။

"ကျေးဇူးပါ‌သားရယ် ‌မြေးရှောင်ကိုကြည့်ရတာချမ်းသာတဲ့မျိုးရိုးကထင်ပါရဲ့ကွယ်အဖွားတို့ရွာကမြို့နဲ့လည်းအလှမ်းဝေးတော့ဘာမှလုပ်မရဘူးမြေးရှောင်ကလဲဘာမှမသိနဲ့ဒီလိုနဲ့ပဲမြေးရှောင်အဖွားတို့နဲ့နေလာတာ ၃ နှစ်နီးပါးရှိလောက်ပြီ အဖွားလဲဒီလောက်ပဲသိတယ် သားရိပေါ် "

"ကျေးဇူးပါ အဖွား ဒီလောက်ဆိုကျွန်တော်နားလည်ပါပြီ "

"မလိုတာကွယ် သားရိပေါ်ကိုပဲကျေးဇူးတင်ရမှာပါ "

"ဗျို့ အကိုလေးထမင်းချိုင့်လာပို့တာပါဗျ "

ရိပေါ်ဒီနေ့တစ်နေကုန်ရှောင်ကျန့်နားမှာပဲနေမယ်စိတ်ကူးလို့မနက်ကတည်းကအကုန်စီစဉ်ခဲ့သည်။အခုရွာကအလုပ်သမားထမင်းလာပို့နေပြီ။ရိပေါ်ထမင်းချိုင့်ကိုယူပြီးအလုပ်သမားကိုပြန်လွှတ်လိုက်သည်။မနက်ကချိုင့်ကိုပြန်ထည့်ပေးလိုက်သည်။ညစာအတွက်လဲမှာလိုက်သေးသည်။

"အဖွား နေ့လည်တောင်ရောက်ပြီထမင်းစားကျမယ်လေ "

"သားပဲစားပါကွယ် အဖွားကခွမ်းမင်လေးကိုစောင့်လိုက်ဦးမယ် "

"ဒါဆို ကျွန်တော်ရှောင်ကျန့်ကိုပဲအရင်သွားကျွေးလိုက်ဦးမယ်ဗျ ပြီးမှအဖွားတို့နဲ့တူတူစားတာပေါ့ဗျာ "

ရိပေါ်အပြောကိုအဖွားကခေါင်းတစ်ညိမ့်ညိမ့်နဲ့ပြန်ဖြေတယ်။ရိပေါ်အိမ်ပေါ်တက်ခံနည်းခြံထဲကိုအသံဆာဆာဝင်လာတော့တယ်။အဲ့တာကြောင့်ပဲရိပေါ်တို့အစီအစဉ်ပြောင်းလိုက်ရတော့တယ်။

My husband saved meWhere stories live. Discover now