14

471 63 8
                                    

Uni

"တကယ်လားဟင် ဖြေပါဦး ကျန့်ကျန့်ကကိုယ်နဲ့တကယ်လိုက်မှာလား "

"အဟင့်..လိုက်မှာပါဆို "

ရှောင်ကျန့်ကငြင်းမယ်လို့ရိပေါ်ထင်နေခဲ့တာအခုမှစိတ်ချလိုက်ချရိပေါ်ကပြုံးနိုင်တော့တယ်။ပြုံးဆိုပါးကြီးတွေမို့တက်တဲ့အထိကိုလိုလိုချင်ချင်နေနဲ့ပြုံးနေခဲ့တယ်။သူလဲရှောင်ကျန့်နဲ့မခွဲချင်ပါဘူး။

"ဟုတ်ပါပြီဗျာ တိတ်တော့နော် လာပါဦးမျက်ရည်တွေလဲရွှဲလို့ ကြောင်ချီးလေးလိုပဲပေကျန်လို့ "

"ရိပေါ်နော် ဘာကြောင်ချီးလဲ ကျန့်ကျန့်ဘယ်လောက်ချောလဲကျန့်ကျန့်အသိဆုံး "

ရိပေါ်ပြောတယ်မလားပေါင်ပေ့ကတကယ်အစွာလေးပါဆို။

"ဖွားဖွားနဲ့ခွမ်းမင်ကိုရော ခေါ်မှာလားဟင်ရိပေါ် "

"ဖွားဖွားကအသက်ကြီးပြီမလိုက်ချင်တော့ဘူးတဲ့ ညီလေးမင်ကလည်းဖွားဖွားနဲ့တူတူနေခဲ့မယ်တဲ့ "

"ဟင်... ကျန့်ကျန့်ကဖွားဖွားတို့နဲ့မခွဲချင်ပါဘူး ဖွားဖွားတို့ပါခေါ်ပေးရိပေါ် "

"မရဘူးလေ ကျန့်ကျန့်ရဲ့ဖွားဖွားကမြို့ကြီးမှာမပျော်ဘူးတဲ့တောရွာမှာပဲအေးအေးချမ်းချမ်းနေခဲ့ပါမယ်တဲ့ "

"ဟင့်အင်းမရဘူး ကျန့်ကျန့်ကဖွားဖွားနဲ့ခွမ်းမင်နဲ့အတူတူလိုက်ချင်တာ "

ဂျီကျနေတဲ့ရှောင်ကျန့်ကြောင့်ရိပေါ်ဒုက္ခရောက်နေသည်။ဖွားဖွားကလည်းရှောင်ကျန့်နဲ့မခွဲချင်ပေမယ့်သူမြို့ပေါ်မှာလဲမပျော်နိုင်ပါတဲ့။ဖွားဖွားမလိုက်ရင်ခွမ်းမင်ကဖွားဖွားကိုလုပ်ကျွေးဖို့နေခဲ့ရမှာပင်။

"ဒီလိုလုပ်ကျမယ် ဖွားဖွားပြန်လာရင်ရှောင်ကျန့်ပြောကြည့်လေဖွားဖွားလိုက်မယ်ဆိုကိုယ်အကုန်ခေါ်သွားမယ်"

"ရိပေါ်တကယ်ပြောတာလား "

ရိပေါ်ကိုဂျိုကြည့်ကြည့်ရင်းမယုံသလိုမေးတဲ့ရှောင်ကျန့်ကရိပေါ်အသည်းကိုကလိကလိဖြစ်စေတယ်။ရိပေါ်ကပြုံးရင်းခေါင်းညိမ့်ပြတော့ရှောင်ကျန့်ကရိပေါ်ပါးကိုလှမ်းဆွဲတော့တယ်။ပြီးတော့ပြောလိုက်သေးတယ်ကျန့်ကျန့်ကအဲ့ဖောင်းဖောင်းလာတဲ့ပါးကြီးကိုသဘောကျလို့ပါတဲ့။ မင်းတို့သိလားအဲ့ပါးကြီးကိုရှောင်ကျန့်ကပဲမြင်ခွင့်ရှိသလိုရှောင်ကျန့်ကပဲကိုင်ခွင့်ရှိတယ်တာ။ရိပေါ်ရဲ့ပေါင်ပေ့ကတကယ်ကိုအခွင့်ထူးခံလေး။

My husband saved meOpowieści tętniące życiem. Odkryj je teraz