Uni
"ဟင့် !"
"ငါမင်းကိုဘာလုပ်လို့လဲ "
ရှိုက်သံကြောင့်ချီထားတဲ့ရှောင်ကျန့်ကိုငုံကြည့်မိတော့ မျက်ဝန်းမှာမျက်ရည်အပြည့်။နှုတ်ခမ်းပါးပါးကိုဖိပြီးရိပေါ်ကိုမော့ကြည့်နေတယ်။ငိုချင်တာကိုချုပ်ထားပေမယ့်ရှိုက်သံကထွက်လာသည်။ရိပေါ်ပြောလိုက်တော့မျက်ရည်တစ်ပေါက်လျောကာဆင်းသွားသည်။
"ပြော ဘာလို့ငိုနေတာလဲ ဘယ်နားကနေမကောင်းလို့လဲ "
ရိပေါ်အသံကလေပြေလိုဟုတ်မနေပေ။ရုပ်တည်ကြီးနဲ့ရိပေါ်ကိုရှောင်ကျန့်ကကြောက်နေခြင်းပင်။
"အဟင့်.. ကျန့်ကျန့် ..ဘာသာလမ်းလျှောက်ပါမယ် ချပေးပါ "
"မင်းအရမ်းသတ္တိကောင်းပါလား ရှောင်ကျန့်မတော်လို့ငါသာရောက်မလာရင်မင်းဘာဖြစ်နေမလဲသိလား "
ရိပေါ်ကဆူသလိုပြောတော့ရှောင်ကျန့်ကရိပေါ်ရင်ဘတ်ကိုမျက်နှာအပ်ပြီးသည်းကြီးမည်းကြီးငိုတော့သည်။ရိပေါ်ရဲ့အကျ*ကိုလဲကျစ်နေအောင်စုတ်ထားသည်။ဒါကိုလဲရိပေါ်မြင်သည်။မင်းတို့သိလားအခုအဲ့ရှောင်ကျန့်ရဲ့လက်နီတာရဲလေးကဘယ်လောက်ချစ်ဖို့ကောင်းနေလဲဆိုတာ။
"တိတ်တော့ မျက်လုံးတွေနာနေမယ် အကျ*သွားယူခဲ့မယ် ဘယ်နားမှာလဲ"
ရိပေါ်ရှောင်ကျန့်တို့အိမ်ရှေ့ကကွပ်ပြစ်ပေါ်အသာချပေးလိုက်ပြီးပြောတယ်။
" ဟင့်.. ဟို ..ထရံနောက်နားကစက္ကူဖာထဲမှာ ထိပ်ကကျန့်ကျန့်ရဲ့ဖာ"
"အင်း ကိုယ်ယူခဲ့မယ် "
အဖွားချန်းကိုမေးတော့ ဆေးလိပ်ခုံသွားတယ်ဆိုဘဲ။အဲ့တာကြောင့်ရှောင်ကျန့်ကလုပ်ချင်တာလျှောက်လုပ်နေတာ။ရိပေါ်ရှောင်ကျန့်ရဲ့အဝတ်အစားကိုဖွင့်ကြည့်တော့များများစားစားမရှိ တွန့်ကြေနေတဲ့ရှပ်အကျ*အခေါက်လိုက်လေးငါးထည်လောက်ရယ်ပုဆိုးလေသုံးလေးကွင်းရယ်သာ။ ရိပေါ်လဲအဆင်ပြေတာယူပြီးကွပ်ပစ်ပေါ်မှာကျုံ့ကျုံ့လေးထိုင်နေတဲ့ရှောင်ကျန့်ဆီပြန်လာခဲ့တယ်။အခုမှချမ်းရကောင်းမယ်သိတယ်ထင်တယ်တုန်နေလေရဲ့။