11

524 60 3
                                    

Uni

"အဖွား ကျွန်တော်ဝင်လာပြီနော် "

"လာသားရိပေါ် ဒီတိုင်းဝင်လာလဲရပါတယ်"

ကွပ်ပစ်ပေါ်မှာဖက်လိတ်နေတဲ့အဖွားကခြံဝကရိပေါ်ကိုကြိုတယ်။ရှောင်ကျန့်နေမကောင်းတော့အစားကောင်းကျွေးဖို့အိမ်ကိုဖက်လိတ်များသယ်လာခဲ့သည်။ခွမ်းမင်ရဲ့တစ်‌ကိုယ်စာကနာမကျန်းရေးအတွက်မလောက်ငှနိုင်ခဲ့ပါ။

"ဒီမှာ ရှောင်ကျန့်အတွက်ဆန်ပြုတ်ရယ်အဖွားတို့စားဖို့အသားဟင်းရယ်ကျွန်တော်ယူလာတယ် သွားထားလိုက်မယ်နော်အဖွား"

"နေပါသားရယ် အပိုအလုပ်တွေရှုပ်ပါ့မယ်နောက်မယူလာပါနဲ့ကွယ် "

"မဟုတ်တာအဖွားရယ် ကျွန်တော်အလုပ်မရှုပ်ပါဘူးဗျာ ရှောင်ကျန့်အိပ်နေတာလားအဖွား "

"အေးကွယ် ခုထိတော့မနိုးသေးဘူး"

"ကျွန်တော် ရှောင်ကျန့်ဆီသွားလိုက်ဦးမယ်အဖွား ချိုင့်ကိုလဲလှယ်လိုက်မယ်‌ဗျ"

"အေးပါကွယ် သားရိပေါ်အဆင်ပြေသလိုလုပ်ပါအဖွားမြေးလေးကိုဂရုစိုက်ပါဦးကွယ် ဒီအဖွားကြီးကဘာမှမလုပ်တတ်ပါဘူးကွယ်မြေးရှောင်ကနုနုယွယွကလေးရယ်"

တောသူတောင်သားတွေ‌မို့နေ့မကောင်းလဲအကြမ်းနည်းသာသုံးကြသည်။လူကလဲမာသည်မို့ပြန်ကောင်းကျပါတယ်။လုံးဝမတူတာကရှောင်ကျန့်ပဲ။တောသားနဲ့လဲမတူသလိုသိပ်ကိုချူချာသည်။အဖွားကလဲအသက်ကြီးပြီမို့အူမချီးခါးအကုန်လိုက်မလုပ်ပေးနိုင်။အစာကျွေးချိန်ကျွေးမယ်။ဆေးတိုက်မယ်။ဒီထက်ပိုပြီးမလုပ်တတ်ပါ။

ဝါးအိမ်လေးပေါ်တက်တော့ဝါးကြမ်းခင်ကတစ်ကျွီကျွီရယ်။ရှောင်ကျန့်နိုးမှာစိုးလို့ဖွဖွကလေးနင်းကသွားရသည်။ဖြူ‌ဖျော့ဖျော့မျက်နှာလေး။နေမကောင်းတာတောင်ချစ်ဖို့ကောင်းနေတုန်းပဲ။ဝဲကျနေတဲ့နဖူးပေါ်ကဆံစလေးတွေလက်နဲ့အသာတင်လိုက်တော့ကိုယ်ပူမရှိတော့ပေ။ရှောင်ကျန့်ကညကတည်းကခုထိတစ်ရေးမှမနိုးသေးတာထင်ပါရဲ့။
ရှောင်ကျန့်အတွက်ဆန်ပြုတ်ထည့်လာပြီးဘေးမှာခနချထားလိုက်တယ်။နေမကောင်းသေးတော့မျက်နှာကလေးကဇီးရွက်လိုမျိုးလားရိပေါ်ပဲထင်နေတာလားသေးသေးလေးဒါပေမယ့်ချစ်စရာလေးပါ။

My husband saved meHikayelerin yaşadığı yer. Şimdi keşfedin