Uni
"ရပြီ နောက်တစ်ပတ်နေရင်ငါပြန်လာမယ် ဟောက်ရွှမ်းကိုပြောလိုက် "
"ဟုတ်ကဲ့ Boss "
"ပြန်တော့ နောက်ကိုလူများများမလာနဲ့ "
"ဟုတ်ကဲ့ Boss"
ရိပေါ်စကားအဆုံးအရိုအသေပေးပြီးရွာထိပ်ကအဆင့်မြင့်မြင့်ကားနဲ့လူငါးယောက်ကပြန်ထွက်သွားတယ်။
*ဒီလောက် လူတောတိုးခဲ့ရရင်တော်ရောပေါ့ခွေးသားတွေ *
"ဒီနေ့အလုပ်မသွားဘူးလား ညီလေးမင်"
ခြံရှေ့ကိုကျောခိုင်းပြီးမျက်နှာချင်းဆိုင်နေတဲ့နှစ်ယောက်ကြောင့်ခွမ်းမင်ရဲ့ကျောကိုပုတ်ပြီးစကားစလိုက်တယ်။ရိပေါ်ဝင်လာတာတောင်သတိမထားမိစေတဲ့အရာက ငရုတ်သီးအညှာခြွေနေကျတာပါ။ပိတ်ဆွယ်သင်တဲ့လူကသင်နဲ့ဘေးကဇကောထဲမှာလဲအရွက်ကိုစုံနေရော။
"ဟာ ရိပေါ်ကောလာထိုင် မသွားပါဘူးဗျာ အကိုရှောင်ကပျင်းတယ်ဆိုလို့အဖော်နေပေးနေတာ "
"ဟင်..ငါကမင်းပင်ပန်းမှာစိုးလို့အလုပ်မသွားခိုင်းတာပါ "
"အဲ့တာဆိုဒီနေ့ကျန့်ကျန့်တို့အိမ်ကဘာများချက်စားကျတာလဲ "
"ဒီနေ့ဟင်းကရှယ်ပဲ ရိပေါ်ကျန့်ကျန့်တို့ခုနကပဲတောထဲကပြန်လာတာဟင်းရွက်တွေခူးလာတယ်မျှစ်တွေရော "
"ဟုတ်တယ်ရိပေါ်ကော ဒီနေ့ပိတ်ဆွယ်နဲ့ငရုတ်သီးစိမ်းချက်မယ်အဲ့တာအကိုရှောင်အကြိုက်ကျွန်တော့်အတွက်ကတော့မျှစ်ကြော်အဖွားကတော့ဘာဖြစ်ဖြစ်စ်စားမယ်တဲ့ "
"ဗိုက်တောင်ဆာလာပြီဗျာ ကိုယ်ရောလာစားလို့ရလား "
"ရတာပေါ့ရိပေါ်ရဲ့ ဒီနေ့ကကျန့်ကျန့်လက်ယာစားရမယ်နော် ဟီးဟီး"
ပိတ်ဆွယ်သင်ရင်း ရီပြနေတဲ့ရှောင်ကျန့်ကဘယ်လောက်ချစ်စရာကောင်းလဲဆိုအိမ်ရှင်ထီးလေးအဖြစ်အနားမှာခေါ်ထားချင်စရာကောင်းသည်။
"အကိုရှောင်ချက်ရင် ငရုတ်သီးချည်ပဲ ဟင်းးးး"
ခွမ်းမင်ကသက်ပြင်းကိုအသံကျယ်ကျယ်ချရင်းမဲ့ရွဲ့ပြီးပြောတယ်။ပြီးတော့သင်ပြီးတဲ့ပိတ်ဆွယ်ကိုရေးဆေးဖို့ယူသွားတယ်။ရှောင်ကျန့်ကတော့မျက်စောင်းတခဲခဲနဲ့လိုက်ကြည့်နေလေရဲ့။စိတ်ထဲကလဲတွေ့လိုက်သေးတယ်။ငရုတ်သီးထောင်းထောင်းကျွေးပစ်မယ်ဆိုပြီး။