16

513 62 3
                                    

"‌ကြောက်တယ် ကျန့်ကျန့်ကြောက်တယ် ကျန့်ကျန့်ဒါကြီးမစီးချင်ဘူး ရိပေါ် "

ရွာထိပ်ကကားကိုမြင်တာနဲ့အသည်းအသန်ရိပေါ်နောက်ဝင်ပုန်းပြီး တအီအီငိုတော့မယ့်ရှောင်ကျန့်။

" ရှီကျို့ အဖွားနဲ့ညီလေးမင်ကိုလာခေါ်ပြီးသွားနှင့် အဖွားလိုက်သွားနော် ကျွန်တော်ရှောင်ကျန့်နဲ့လာခဲ့မယ် "

အဖွားတို့ဒီကားနဲ့အရင်သွားလို့ရကြောင်း၊ရိပေါ်ကနောက်ကားတစ်စီးနဲ့လိုက်မည်ဖြစ်ကြောင်း၊ရိပေါ်တပည့်တွေမို့စိတ်ချရကြောင်းသေချာအဖွားကိုပြောပြရင်းခေါ်သွားခိုင်းလိုက်သည်။

"ကျန့်ကျန့် .."

ရိပေါ်ကရှောင်ကျန့်ပုခုံးနှစ်ဖက်ကိုဖွဖွဆုပ်ကိုင်လိုက်တော့ရှောင်ကျန့်နဲ့အကြည့်ခြင်းစုံသွားတယ်။ရိပေါ်ရဲ့ပေါင်ပေ့ကသိပ်ကိုမျက်ရည်ပေါပါတယ်။

"ကိုယ့်ကိုမယုံဘူးလား..ကိုယ်တစ်ယောက်လုံးဘေးမှာရှိမှာလေကျန့်ကျန့်ကိုဘယ်သူမှဘာမှမလုပ်စေရဘူး ကိုယ့်ကိုယုံကြည်ပေး"

"ကျန့်ကျန့်ကိုထိခိုက်စေမဲ့အရာဘာမဆိုကိုယ်ရှင်းမယ် တစ်ခါလောက်ကိုယ်နဲ့အတူတူကားစီးကျမယ်လေ "

ရှောင်ကျန့်ကရိပေါ်ရဲ့ရင်ဘတ်ကိုနဖူးနဲ့ထိပြီးလေကိုရှူလိုက်ထုတ်လိုက်လုပ်ပြီးစိတ်ကိုဖြေနေတယ်။နောက်တော့သူရိပေါ်ခေါ်ရာကိုလိုက်ခဲ့တော့တယ်။ရိပေါ်ရဲ့တပည့် မင်ရွယ်ကကားတံခါးအသင့်ဖွင့်ထားတယ်။ရိပေါ်ကရှောင်ကျန့်ကိုတက်ဖို့မေးငေါ့ပြတယ်။ရှောင်ကျန့်ရဲ့လက်တွေရောတစ်ကိုယ်လုံးရောတုန်ယင်နေတယ်။နောက်ဆုံးတော့ရိပေါ်ကရှောင်ကျန့်ကိုကောက်ပွေ့လိုက်ပြီးသူကိုယ်တိုင်ပါထင်ထိုင်လိုက်တယ်။အခုဆိုရှောင်ကျန့်ကရိပေါ်ရဲ့ပေါင်ပေါ်မှာ။

"ရိ.. ရိပေါ် "

"အင်းကိုယ်ရှိတယ် "

ရှောင်ကျန့်ကရိပေါ်ရင်ခွင်ထဲမှာပဲခွေခွေလေးနေနေတယ်။မျက်လုံးတွေကိုမှိတ်ထားပြီးရိပေါ်ရဲ့ရင်ဘက်အင်္ကျီကိုကျစ်နေအောင်စုတ်ထားတယ်။ရိပေါ်တို့ကားလေးဟာရွာထိပ်ကနေစတင်ထွက်ခွာတော့တယ်။

My husband saved meWhere stories live. Discover now