-[3]-

2K 326 14
                                    

ရိပေါ် လက်ဆေးဖို့အနောက်ခန်းထဲပြန်ဝင်လာတဲ့တစ်လျှောက်အပြုံးတစ်စခိုတွဲနေတယ် ။
ဒီရှောင်းကျန့် ။ ကျောင်းစတက်လို့ Assembly စီရတဲ့ရက်ထဲက သူ့ကိုငေးကြည့်ရင်းကျောက်ရုပ်ကလေးလိုရပ်နေခဲ့တာ ။ နောက်ပိုင်းသူ့သူငယ်ချင်းတွေနဲ့ဖြစ်စေ ၊ တစ်ယောက်ထဲဖြစ်စေ ရိပေါ်အနောက်တကောက်ကောက်လိုက်နေတော့တာပဲ ။ ကျောင်းမတက်ခင်အခန်းထဲ
လာကြည့်တတ်သလို ၊ နေ့လည်ခင်းတွေမှာလည်းအလွတ်မပေးပါဘူး ။ အိမ်ပြန်ချိန်တွေဆိုလည်း D ခန်းမျက်နှာချင်းဆိုင်က ဆရာတွေနားနေခန်းထဲမှာထိုင်ရင်း သူ့ကိုလှမ်းကြည့်နေတဲ့ရိပေါ်ကို
မမြင်ဘဲ ရိပေါ်ထိုင်ခုံဘက်ချောင်းကြည့်နေတတ်တာလေ ။ ကျောင်းဝင်ချိန်နောက်ကျတဲ့ရိပေါ်ကိုဆရာတွေကညနေကိုယ်ပိုင်စာကြည့်ချိန်တွေမှာစာခေါ်သင်ပေးတာမို့ ညနေအတန်းချိန်တိုင်း ဆရာတွေရုံးခန်းမှာပဲရိပေါ်ရှိတယ် ။ ထိုအချိန်တိုင်းလည်း ကိုယ့်ကိုလာရှာတဲ့ ရှောင်းကျန့်ကိုမြင်နေရတာပဲ။ ရိပေါ်ကိုရှာမတွေ့ရင် ဆူပုတ်ပုတ်ဖြစ်သွားပြီးအတန်းရှေ့က တံမြက်စည်းကိုကန်ကန်ထုတ်သွားတတ်တာမို့ ဆရာတောင်ထွက်ဆူဦးမယ်လို့ကြိမ်းဝါးနေခဲ့တယ် ။ ရိပေါ်က
ထိုတံမြက်စည်းကိုနေ့စဥ်ပြန်ထောင်ပေးဖို့ ကတိပြုခဲ့လို့သာ ယနေ့ချိန်ထိ ဒီကောင်လေးအဆူမခံရသေးတာ ။

စာသင်ကျောင်းတွေမှာတော့ အချစ်ရေးအချစ်ရာကိစ္စလေးတွေရှိတတ်ကြတာသဘာဝပါပဲ ။
ကောင်လေးတစ်ယောက်ဆီကအချစ်ခံရမယ်လို့တော့မတွေးဖူးပေမဲ့ ရှောင်းကျန့်ကတော်တော်လေးချစ်ဖို့ကောင်းတယ်လို့သူထင်တယ် ။

ကလေးစိတ်မပျောက်သေးဘဲ အချိန်ရှိတိုင်းအုပ်စုဖွဲ့ဆော့နေတာကိုတော့ရိပေါ်သဘောမကျဘူး ။ ချစ်ဖို့ကောင်းပြီး တွဲနိုင်တယ်လို့ခံစားရပေမဲ့ ခြေလှမ်းကိုတော့မစမိခဲ့ ။ ရိပေါ်ဆိုတာပိုင်ဆိုင်လိုစိတ်ကြီးပြီး နည်းနည်းလည်းအတ္တဆန်တယ် ။ အာရုံသိပ်မထားတာတောင် ဒီကောင်လေး
သူ့သူငယ်ချင်းတွေနဲ့ပူးကပ်နေရင် ရိပေါ်နေရတာသိပ်အဆင်မပြေတော့ဘူး ။ တမင်တကာ
မြင်အောင်ဖြတ်လျှောက်ပြလိုက်ရင်တော့ ပူးကပ်နေတာတွေကိုခွာပြီးရိပေါ်အနောက်ကပါလာရှာတယ်  ။ ရိပေါ်လည်း ထိုသို့ဖြတ်လျှောက်ဖို့ကို ဦးတည်ချက်မရှိကျောင်းတစ်ပတ် ပတ်ခဲ့ရတာသုံးလေးခေါက်ရှိပြီဆိုတာ ရှက်ရှက်နဲ့ပဲဝန်ခံရမယ် ။

-ʏᴏᴜ ꜰᴇʟʟ ꜰɪʀꜱᴛ ɪ ꜰᴇʟʟ ʜᴀʀᴅᴇʀ-Where stories live. Discover now