-[8]-

1.9K 259 15
                                    

ကျောင်းတွေပြန်ဖွင့်တော့ ကျောင်းသားအများစုရဲ့အသားအရည်ကနေလောင်၊နှင်းကိုက်ထားတဲ့
ဒါဏ်တွေကြောင့်အတော်လေးကြည့်ရဆိုးနေတယ် ။ ရှောင်းကျန့်လည်းဖျားသွားတာကြောင့်သာမဟုတ်ရင် နှင်းတောင်ဘက်မှာ နှင်းလျှောသွားစီးဦးမလို့ပဲ ။ အခုတော့ပိတ်ရက်အများစုအခန်းအောင်းခဲ့ရတာမို့ ပုံမှန်ထက်တောင်ဖွေးအုလာတယ် ။

"မြက်စိမ်းလေး မင်းနဲ့ရိပေါ်ပွဲစျေးအတူလျှောက်သေးတယ်ဆို? "

"အေး ... သတင်းကလည်းမြန်လိုက်တာ "

"မဟုတ်ပါဘူး ငါမင်းကိုလာရှာတော့မင်းအိမ်ကအစ်မကြီး ပြောပြလိုက်တာ "

"အိမ်လာသေးတာလား? "

"အင်း အရေးတော့မကြီးပါဘူး ၊ ဒါနဲ့ ရိပေါ်ကိုရထားလမ်းကစာအုပ်ဆိုင်မှာထပ်တွေ့ခဲ့တယ် "

ရှောင်းကျန့်မနက်စာမုန့်ကိုအစားမပြတ်ပခုံးတွန့်ပြလိုက်တယ် ။ ရိပေါ်နဲ့အတိုင်းအတာတစ်ခုအထိခင်မင်နေပြီမို့ အရင်လိုအနောက်ကတကောက်ကောက်လိုက်မသွားလည်းပြဿနာတော့မရှိပါဘူး ။ အခုနေဓာတ်ပုံခိုးရိုက်တာဘာညာမိသွားရင်လည်းမကောင်းဘူးလေ ။

"ဟေး ရှောင်းကျန့်ဒီနေ့နောက်ကျတယ်နော် "

ပြတင်းပေါက်နားကအဖွဲ့ရဲ့အော်သံကြောင့် လှည့်ကြည့်တော့လွယ်အိတ်ကိုပခုံးတစ်ဖက်မှာချိတ်ရင်း ခပ်တည်တည်ဖြတ်လျှောက်သွားတဲ့ရိပေါ် ။
ရှောင်းကျန့်ထိုင်ခုံကနေအမြန်ထပြီးရိပေါ်နောက်လိုက်ကာ လက်ကိုဆွဲထားလိုက်တယ် ။

"ဝွန်း"

ပြတင်း၊တံခါးပေါက်တိုင်းမှာကျောင်းသားတွေစုရုံးပြီး မသိမသာဝိုင်းကြည့်နေတာကြောင့်ရှောင်းကျန့်မြောက်ကြွကြွနဲ့ ပိုအတင့်ရဲလာတယ် ။

"မနက်စာစားလာလား? "

"အင်း "

"နို့သောက်မလား "

အပိုထည့်လာတဲ့နို့ဘူးကိုကမ်းပေးတော့ရိပေါ်က
အသာတကြည်ပဲလက်ခံလိုက်တယ် ။

"ငါဖျားသွားတာ အဲ့နေ့ထဲက ၊ မင်းရော? "

"အင်း ဆေးခန်းတော့သွားလိုက်ရတယ် ၊ ချက်ချင်းပြန်သက်သာလာတာပဲ "

-ʏᴏᴜ ꜰᴇʟʟ ꜰɪʀꜱᴛ ɪ ꜰᴇʟʟ ʜᴀʀᴅᴇʀ-Where stories live. Discover now