ထိုလအတွင်းရိပေါ်က သူ့ရဲ့လေ့ကျင့်ရေးတွေနဲ့
အမြဲတစေအလုပ်ရှုပ်နေခဲ့တာကြောင့်
ရှောင်းကျန့်မှာ မုန့်စားဆင်းချိန်တောင်သေချာလေးတွေ့ခွင့်မရပါ ။
အထီးကျန်လိုက်တာလို့ရေရွတ်ရအောင်လည်းဘေးမှာမိမိသွားရာကြက်သားပေါက်တစ်အုပ်လိုလိုက်ပေးနေတဲ့ဘော်ဒါတွေကိုအားနာရသေးတယ် ။ ရှောင်းကျန့်နားလည်လာတယ် ။ အထီးကျန်တယ်ဆိုတာ အဖော်ရှိတာမရှိတာနဲ့လည်းမဆိုင်လှပါဘူး ။ ကိုယ်လိုချင်တာနဲ့ပဲသက်ဆိုင်တာ ။ သူမှမဟုတ်ရင် အမြဲတစေအဖော်မက်တဲ့ရှောင်းကျန့်ကဘယ်သူ့ကိုမှ... အဲ့လိုပြောရင်လည်း နည်းနည်းတော့အိုဗာတင်းသွားမလားမသိဘူး ။စိတ်မပါလက်မပါဖြစ်နေတဲ့ရှောင်းကျန့်မျက်နှာကိုရိပ်မိတဲ့ဘော်ဒါတွေကလည်း အလိုက်တသိနဲ့
သွားဆော့မဲ့နေရာကိုမခေါ်တော့ပေ ။ ရှောင်းကျန့်အရဲစွန့်ပြီး ရိပေါ်တို့အိမ်နားကိုစက်ဘီးပတ်နင်းလာခဲ့တယ် ။ခြံဝမှာ အထုပ်သေးသေးလေးနဲ့ အပြင်မှ ပြန်လာပုံရတဲ့ ရိပေါ်ကရှောင်းကျန့်ကိုတန်းမြင်သွားပြီးမျက်ခုံးပင့်ပြလာတယ် ။
"ဘယ်သွားတာလဲ "
"ဆေးဆိုင် "
"မင်းအပေါ်က ဆိုင်းဘုတ်ကြီးလည်းအားနာပါဦး "
"သူကသေလို့နောက်ဘဝမှာတောင်ပြန်အိုနေလောက်ပြီ "
"မင်းဘိုးဘွားဘီဘင်ကိုအဲ့လိုပြောနေတာ ကံပိတ်ကုန်မှာမကြောက်ဘူးလား "
"နားငြီးမှာပဲကြောက်တယ် "
ရှောင်းကျန့်ဆူပုတ်ပုတ်ဖြစ်သွားပေမဲ့ တစ်ဖက်က အနိုင်ယူစိတ်ဆိုးပြလို့မရတဲ့သူမို့ အသာလျှောချကာ ဆက်ရောလိုက်ပါတယ် ။
"မင်းလေ့ကျင့်တာ အဆင်ပြေရဲ့လား "
"အင်း ၊ မကျင့်ဖြစ်တာကြာတော့ ကြွက်သားတွေကပုံမှန်ထက်နာနေတယ် ၊ အခုတောင်ဆေးလူး
မလို့ ""မင်းမိဘတွေအိမ်မှာမရှိဘူးလား? "
"အမေရှိတယ် ... ကောင်းကောင်းမွန်မွန်ဝင်လေ ခွေးတွေကြိုးမတပ်ခဲ့ဘူး "
"မင်းရှိတာပဲ ငါ့ကိုမကိုက်ပါဘူး "
"အကိုက်ခံရတဲ့နေ့လည်း လျော်မပေးနိုင်ဘူး"