-[1]-ZAWGYI

1.2K 44 1
                                    

ဆယ်ကျော်သက်ဘဝရဲ့အချိုမြိန်ဆုံး
အခိုက်အတန့်က သဘောကျရတဲ့လူရှာတွေ့တဲ့အချိန်ပဲတဲ့ ။ ရှောင်းကျန့် သွားစွယ်နေရာလေးပေါ်တဲ့အထိကိုပြုံးရယ်လိုက်တယ် ။ ဖြတ်သန်းသွားတဲ့ရထားကြီးရဲ့အရှိန်ကြောင့် ရယ်မောနေတဲ့ကောင်လေးဟာလည်း ဆံနွယ်တွေတလွင့်လွင့် ။ ဘယ်လိုပဲ Fashion ကျအောင်ဝတ်ဆင်ထားတဲ့လူတွေကြားရောက်ရောက် ကျောင်းဝတ်စုံလေးတွေကသာ လူ့အမြင်ကိုဖမ်းစားတတ်တာသဘာဝပါပဲ ။ကျောင်းသားတွေဆိုတာ တိုင်းပြည်ရဲ့ သမိုင်း ၊ ပစ္စုပ္ပန် ပြီးတော့ အနာဂါတ် ။

ဘူတာကြီးထဲမှာရှိတဲ့ ခရီးသည်တွေက ဖြူဖြူစင်စင်ရယ်မောပြီးစိတ်လှုပ်ရှားနေတဲ့ကျောင်းသားငယ်လေးကြောင့် မသိမသာလိုက်ပြုံးမိသွားကြတယ် ။

O~I~E . . . ငါပါ ရယ်မောပျော်ရွှင်နေရတာသဘောကျတဲ့ ထာဝရမြို့တော်ဟောင်းရဲ့
စိမ်းလန်းမှုလေးရှောင်းကျန့် ။ ပျစ်ချွဲချွဲဆန်ပေမဲ့ သူငယ်ချင်းတွေကဒီလိုပဲခေါ်ကြတယ် ။

ထိုကောင်လေးဘေးမှာတော့ နောက်ပိုးသန်တဲ့ရယ်သံလေးတွေနဲ့တွန်းထိုးပြီးကျီဆယ်နေတဲ့နောက်ထပ်ကျောင်းသား လေးငါးယောက်က ငယ်ရွယ်မှုကိုပြည့်ပြည့်ဝဝပုံဖော်နေလေရဲ့။

"ပုံကြည်ရဲ့လား? "

သူတို့အားလုံး ရှောင်းကျန့်ဖုန်းမျက်နှာပြင်ပေါ်အလုအယက်တိုးဝှေ့ကြည့်နေတယ် ။
ရှောင်းကျန့်ဖွင့်ကြည့်နေတဲ့ဓာတ်ပုံလေးမှာတော့ ရထားလမ်းကြောင်းတစ်ဖက်ရှိ လမ်းမထက်မှာစာအုပ်ဖတ်ရင်းရပ်နေတဲ့ ရွယ်တူကျောင်းသားလေးတစ်ယောက်ရဲ့ဓာတ်ပုံပါပဲ ။
ထိုကျောင်းသားကတော့ သူတို့နဲ့မျက်နှာချင်းဆိုင်လမ်းမှာရပ်နေခဲ့တာမို့ ရထားကြီးဖြတ်သွားတာနဲ့ဆက်မမြင်နိုင်တော့ဘူး ။

"သူမြင်သွားမယ်ထင်လား "

"ငါ မသိသာအောင်တော့ရိုက်လိုက်တယ် "

"ဒါကအလင်းပြန်လွန်းတယ် "

အထက်တန်းကျောင်းသားလေးတွေ တက်တက်ကြွကြွဖြစ်နေရတဲ့အကြောင်းအရင်းကတော့ ထိုဓာတ်ပုံရှင်ကောင်လေးဟာ ရှောင်းကျန့် သဘောကျနေတဲ့ ကျောင်းသားသစ် ဝမ်ရိပေါ်ပါပဲ ။ ရိပေါ်နောက်လိုက်မယ်လို့တွေးထားတဲ့
သူငယ်ချင်းအတွက် သူတို့ပါရမီဖြည့်ပေးနေတယ်ဆိုပါတော့ ။

-ʏᴏᴜ ꜰᴇʟʟ ꜰɪʀꜱᴛ ɪ ꜰᴇʟʟ ʜᴀʀᴅᴇʀ-Where stories live. Discover now