ရိပေါ်ကကျောင်းရဲ့ရှားရှားပါးပါးအလုံးတွေမှန်သမျှဆော့တဲ့အားကစားသမားတစ်ယောက်ဖြစ်တာကြောင့် ယခုကိစ္စကလည်း ဘတ်စကတ်လုံး ၊ ဘောလုံး ကိစ္စလို့ပဲသူထင်ခဲ့တာ ။ တကယ်ပြိုင်မဲ့ဟာက တိုက်ခိုက်ရေးအနုပညာပြကွက်တွေ ။
ရှောင်းကျန့်ပါးစပ်အဟောင်းသားနဲ့သာငုတ်တုတ်ထိုင်ကြည့်နေလိုက်တယ် ။ကျားမွေးတယ် ။ အလုပ်လုပ်တယ် ။ စာရင်းတွေတွက်တတ်တယ် ။ အလုံးတကာလှိမ့်တယ်ပုတ်တယ် ။ အခုချနေပြန်ပြီ ။ သူမတတ်တာဘာများရှိသေးလဲ? ။ ဦးနှောက်ပေါက်အောင်တွေးပြီးမှထွက်လာတဲ့အဖြေကကျောင်းစာ ။ ကျောင်းစာမှာတော့ ရှောင်းကျန့်အပျင်းတစ်နေတဲ့လကိုတောင် ရိပေါ်လိုက်မှီမှာမဟုတ်ဘူး ။ ညှင်းသိုးသိုးဖြစ်နေတဲ့သူ့စိတ်ကလေးလည်းပြန်ကြည်လာတယ် ။ ဝမ်ရိပေါ်ကို ဘယ်ဘုရားက အသေအထာကျအောင်ခပ်မိုက်မိုက်ဖန်ဆင်းထုထွင်းထားသလဲမသိပေမဲ့ စကေးတွေထုတ်ပြနေတဲ့တစ်ချိန်လောက်ပဲ ဝမ်ရိပေါ်က ကြမ်းတာ ။
ပုံမှန်အချိန်တွေမှာတော့ ပျင်းစရာကောင်းအောင်
ဘုဂလန့်ထိုင်ပြောတတ်တဲ့အဖိုးကြီးပေါက်စငနုပဲလေ ။ ရှောင်းကျန့်လိုမနောကြာဖြူလေးကသာအပြစ်မမြင်နိုင်ဘဲစွတ်ကြိုက်နေတာ ။"အခြေခံလောက်သင်ဖူးလား? "
ဘယ်အချိန်အနားရောက်နေမှန်းမသိတဲ့ ရိပေါ်ကသူ့ကိုပခုံးအသာပုတ်ရင်း မေးငေါ့ပြကာမေးလာတယ် ။
"မသင်ဖူးဘူး "
ကိုယ်ကာယအားကစားတွေဆိုမုန်းလွန်းလို့ ။ အလကားသက်သက်ငွေကုန်အချိန်ကုန်ခံပြီး
ထုထောင်းခံနေစရာလား ။"ယောကျာ်းလေးဖြစ်ပြီး ဘာမှလည်းသင်ယူထားတာမရှိဘူးလား အန္တရာယ်တစ်ခုခုတွေ့ရင်ဘယ်လိုရင်ဆိုင်မလဲ ? "
"ယောကျာ်းလေးဆိုတာမွေးရာပါအားသန်တယ်လေ ၊ ရန်မဖြစ်တတ်တဲ့ယောကျာ်းလေးဘယ်မှာရှိလို့လဲ? အလကားဒါတွေသင်ပြီး ရန်သူရှေ့ရှိုးပြနေတာမှရှက်စရာကြီး "
"ချမလား? "
". . . "
"မချရဲဘူးမလား "
"ဖြစ်ရဦးမယ် ထ... နိုင်တဲ့သူညစာလိုက်ကျွေးကြေး"
"အိုခေ "