-[7]-

1.9K 238 9
                                    

"ငါငယ်ငယ်တုန်းကပေါ့ ကျောင်းစတက်ကာစအချိန်လေး ၊ အဖေကအလုပ်အသစ်မှာအခြေကျကာစလေးပဲရှိသေးတယ် ၊ အိမ်ရဲ့လိုအပ်ချက်တော်တော်များများကိုအမေကတာဝန်ယူပေးတယ် .. ပြဿနာလို့မရှိခဲ့ပေမဲ့ ငါကစပ်စုတော့ အများကြီးသိခဲ့ရတယ် "

"ယောကျာ်းဆိုတာ တာဝန်ယူနိုင်ရမယ် ၊ ခက်မြက်နေရမယ် အိမ်ထောင်ဦးစီးရယ်လို့ဖြစ်လာရင် အိမ်ရဲ့လိုအပ်ချက်အကုန်ဖြည့်ဆည်းပေးနိုင်ရမယ်... အဲ့လိုမျိုးတွေသိလာရတယ် ၊ ငါ့မိဘတွေကြောင့်တော့မဟုတ်ဘူးပေါ့ သူတို့ကပျော်ပျော်ပဲနေတတ်ကြတာ အိမ်အပူတွေရှိရင်ငါ့ရှေ့မှာမပြောဘူး ၊ ငါ့ကိုထိန်းပေးတဲ့အိမ်နီးနားချင်းတွေက ပြောပြတာမျိုးလောက်ပဲ "

ရိပေါ်အတွက်တော့ ဒါက "I can't relate" ဆိုတာမျိုးမို့တိတ်တဆိတ်ပဲနားထောင်နေလိုက်တယ် ။ သူ့အဖေသူ့ကိုလေးနှစ်သားအရွယ်မှာပြောခဲ့ဖူးတာ တစ်ခုရှိတယ် ။ "သားအရွယ်က
နားလည်တတ်တဲ့အရွယ်ရောက်နေပြီ " ... ရိပေါ်လည်းထိုအချိန်ကစပြီးအရာရာနားလည်တတ်ဖို့
ပဲတွေးခဲ့တယ်။ နားမလည်နိုင်ရင်တောင်နားလည်တဲ့သူတွေရဲ့စကားကိုနားထောင်လိုက်တာမျိုးပေါ့ ။

"အမှန်တိုင်းပြောရရင် ဘဝကြီးကတိုတိုလေးလို့ငါထင်တယ် ၊ ငါ့မှာလုပ်ချင်တာတွေကအများကြီး ပြီးတော့စိတ်ဖိစီးတာမျိုးငါလုံးဝမခံစားနိုင်ဘူးလေ ၊ ဥပမာ ငိုရင်မိန်းကလေးပဲဆိုတာမျိုး... ငါ့ဒင်ဒင်ကိုဖျက်ပစ်မယ်ဆိုတာမျိုး အဲ့အချိန်တုန်းက ယောကျာ်းလေးဖြစ်ရတာကို အရမ်းအရမ်းမုန်းခဲ့တာပဲ ၊ တစ်ဖက်မှာလည်း သားကယောကျာ်းဆိုတဲ့အကြောတင်းတင်းလေးတော့ရှိတာပေါ့ "

ရိပေါ်လည်းစိတ်ဖိစီးတာမျိုးမခံစားနိုင်ပါ ။ ဒါ့ကြောင့်ပဲ စိတ်ဖိစီးရမဲ့ကိစ္စတွေကိုဆိုရင် ခပ်မြန်မြန်ပဲငြင်းဆန်တယ် ။ ငြင်းဆန်မရရင်အမြန်ဆုံး အပြီးသတ်အောင်လုပ်တယ် ။ အလုပ် ၊ ကျောင်းစာ ၊ မိသားစု ၊ ပေါင်းသင်းဆက်ဆံရေး အကုန်လုံးက စိတ်ဖိစီးစရာကောင်းလွန်းတာကြောင့်ရိပေါ်တော်ရုံဆို မြန်မြန်လေးပဲဖြေရှင်းလိုက်တယ် ။ ရှောင်းကျန့်လိုမျိုး
ယောကျာ်းဖြစ်ခြင်း ၊ မဖြစ်ခြင်းအပေါ်တော့အတွေးအများကြီးမရှိခဲ့ဖူးဘူး ။

-ʏᴏᴜ ꜰᴇʟʟ ꜰɪʀꜱᴛ ɪ ꜰᴇʟʟ ʜᴀʀᴅᴇʀ-Where stories live. Discover now