ရိပေါ်ရဲ့လက်လုပ်ပစ္စည်းဖြစ်တဲ့စာအုပ်ထူထူကိုထုတ်လိုက်တယ် ။ ဒါကိုသူရလာတာမကြာသေးသလို ရေးဖြစ်ခဲ့တဲ့စာရွက်တွေကလည်း
လေးရွက်တောင်မပြည့်ရှာ ။"ဝမ်အာ "
အမှန်အတိုင်းဝန်ခံရရင် သူခန္ဓာကိုယ်တစ်ခုလုံးတဖျဉ်းဖျဉ်းနဲ့ထုံကျဉ်သွားခဲ့တာ ။ ဒါက အနေရခက်တာမျိုးမဟုတ်မှန်းတော့ရိပေါ်ကောင်းကောင်းသိနိုင်ပါသေးတယ် ။
လူကြီးတွေ သူ့ကိုချစ်စနိုးဆက်ဆံတာ လုံးလုံးမကြိုက်ခဲ့ဘူး ။ ကလေးတစ်ယောက်ရဲ့ဘောင်ထဲနေရမှာကိုသူအမုန်းဆုံးပဲ ။
ရှောင်းကျန့်ကသူ့ရဲ့ ထူးခြားတဲ့ တစ်စုံတစ်ယောက်များလား? ။ ပြောဖို့ကတော့စောပါသေးတယ် ။ မိန်းမနဲ့ယောကျာ်းဖြစ်မနေတာကတင် တော်တော်လေး ရာခိုင်နှုန်းနည်းနေပြီ ။ ရှောင်းကျန့်အနားမှာရှိနေရတာသဘောကျပေမဲ့ တကယ်တမ်းတွက်ဆကြည့်ရင်
ရှောင်းကျန့်မှာရိပေါ်နှစ်သက်တဲ့အရာတွေမရှိဘူးလေ ။ အပြုအမူကစလို့ စိတ်နေစိတ်ထားအထိပေါ့ ။ ဒီလိုပဲ ရှောင်းကျန့်ဘက်ကလည်း ရိပေါ်အပြုအမူကို တစ်စက်ကလေးတောင်သဘောမကျတာအသိသာကြီးပဲ ။ပြောကြတာရှိတယ် ။ ချစ်ရင်ဘာကိုမှအပြစ်မမြင်ပါဘူးတဲ့ ။ အဲ့ဒါက အချစ်ကြောင့်မိုက်လုံးကြီးကြတာပဲလို့သူတွေးဖူးတယ်။ တစ်နေ့ ရိပေါ်ရောသူတို့လိုမျိုး ရှောင်းကျန့်အပေါ် ဘာမှမမြင်တော့ဘဲ နှစ်နှစ်ကာကာသဘောကျသွားတာမျိုးဖြစ်သွားနိုင်လား? ။ ဘာမှ
တွက်ချက်မတွေးချင်တော့ဘဲနဲ့လေ ? ။ဒီလိုတွေးလိုက်တာနဲ့သူ့ရင်ဘတ်တွေကခုန်ပေါက်လာတယ် ။ အဲ့ခံစားချက်လေးကတော်တော်တော့ နှစ်လိုဖို့ကောင်းသားပဲ ။
ဂျာမနီထုတ် ဖောင်တိန်လေးကစာရွက်သားပေါ်မှင်နက်နက်တွေနဲ့လမ်းကြောင်းထွင်တယ် ။
"ဘာမှထပ်မတွေးမိတော့ဘဲ မင်းကိုရူးရူးမူးမူးသဘောကျမိသွားမလားလည်းတွေးမိတယ် ၊ မဟုတ်ခဲ့ရင်တောင် တစ်နေ့ကျရင် လူသိမခံခဲ့တဲ့ရယ်စရာအမှတ်တရသေးသေးလေးဖြစ်နေတော့မှာပဲ ၊ ငါပထမဆုံးစိတ်ဝင်စားမိတဲ့ မင်း ၊ အချစ်အကြောင်းစတွေးမိရင်စဉ်းစားလိုက်တာကမင်း "