-[6]- ZAWGYI

758 26 0
                                    

ပွဲတော်နေ့ ။
ရှောင်းကျန့်ညနေစောင်းမှာပင်ရိပေါ်တို့ခြံရှေ့ကိုရောက်လာခဲ့တယ် ။ တံခါးခေါက်လိုက်တဲ့အခါထုံးစံအတိုင်းခြံစောင့်အဖိုးအိုက တံခါးလာဖွင့်ပေးတယ် ။ ပြောင်းလဲသွားတာက အရင်လိုအိမ်ရှင်တွေဆီအကြောင်းကြားပေးတာကိုစောင့်နေစရာမလိုတော့ပေ ။ အိမ်ထဲတစ်ခါထဲဝင်ခွင့်ရနေပြီလေ ။ ခွေးနက်ကြီးသုံးကောင်ကိုနည်းနည်းရှိန်နေသေးပေမဲ့ တစ်ဖက်ကရန်ပြုမလာတော့ ရှောင်းကျန့်အသာထိုင်ချပြီး ခေါင်းပွတ်ပေးလိုက်တယ် ။ ရုပ်ကြီးတွေနဲ့မှမလိုက် ရှောင်းကျန့်ကိုပိုထိပေးဖို့ချွဲနွဲ့နေကြတာက ရယ်စရာ ။ ရိပေါ်ကတော့ ဘာကောင်ကိုမှပွတ်သပ်ချော့မြူပေးဟန်မရှိပါချေ ။

"စောသားပဲ "

"အင်း နည်းနည်း.... ဘာဖြစ်တာလဲ? "

ရိပေါ်ရဲ့အဝတ်တွေကတွန့်ကျေဆုတ်နေပြီး ပွန်းပဲ့ဒါဏ်ရာတွေကလည်း သွေးစို့နေတယ် ။

"ကျားကထသောင်းကြမ်းပြီးအပြင်ထွက်လာလို့
ဝင်ထိန်းပေးတာ "

"သူ့ကိုစောင့်ရှောက်တဲ့သူတွေမရှိဘူးလား? "

"ဒီနေ့တာဝန်ကျတာ အမျိုးသမီးနှစ်ယောက်လေ အင်အားချင်းမှမမျှတာ "

ရိပေါ်က ရှောင်းကျန့်ဘေးဝင်ထိုင်ပြီးအမောဖြေနေရှာတယ် ။

"အမြဲအဲ့လိုပဲလားအဲ့ကောင်က? အန္တရာယ်များတာပေါ့ "

"အဲ့ဒါကြောင့်ပြောတာပေါ့ ကျားကိုသွားမစပါနဲ့လို့ ၊ သတိဆိုတာပိုတယ်မရှိဘူး "

"သူ့ကြည့်ရတာအတော်အေးမဲ့ပုံကို "

"အင်း... ပုံမှန်ဆိုသူ့ဘာသူပဲနေတာ ၊ ဖြစ်ချင်တော့ အသစ်ရောက်လာတဲ့ဝန်ထမ်းက နားမလည်ဘဲ သူ့မွေးစားအမေ... ဟိုနေ့ကပြတဲ့ခွေးကိုသွားကန်လိုက်မိတယ် ၊ အဲ့ကနေစဖြစ်တာ"

"ဟင် ၊ ဘယ်သူက အားအားယားယား ခွေးကိုသွားကန်တာတုန်း "

လှည့်ကြည့်လာတဲ့ရိပေါ်ရဲ့အကြည့်က ဝေဖန်မှုတွေအများကြီးပါနေတယ် ။ ရှောင်းကျန့်မိမိကိုယ်ကိုသတိရသွားပြီး အကြည့်လွှဲလိုက်ရတယ် ။ ခွေးကြီးတွေဆိုရှောင်ပေမဲ့ အမြင်ကပ်ဖို့ကောင်းတဲ့ ခွေးပေါက်လေးတွေကိုတော့သူအနိုင်ကျင့်ဖူးတယ် ။ အဲ့လိုနဲ့ပဲသားစိတ်တက်နေတဲ့ခွေးမကြီးလိုက်ဆွဲတာခံရဖူးတယ် ။ ဆရာမတွေက အဆော့မသန်ကြဖို့ဆုံးမတိုင်း ရှောင်းကျန့်ဇာတ်လမ်းကိုအသုံးချကြတယ်လေ ။
ရိပေါ်လည်းဒါကိုသိနေမှာပေါ့ ။

-ʏᴏᴜ ꜰᴇʟʟ ꜰɪʀꜱᴛ ɪ ꜰᴇʟʟ ʜᴀʀᴅᴇʀ-Where stories live. Discover now