ရှောင်းကျန့်အိပ်မက်ဆန်းဆန်းတစ်ခုမက်ခဲ့တယ် ။ ရိပေါ်နဲ့သူလမ်းခွဲနေကြတာတဲ့ ။ ခါးခါးသီးသီးကိုရန်ဖြစ်ပြီးလမ်းခွဲနေတာ ။ ရှောင်းကျန့်သွားတိုက်ရင်း အကျဉ်းချုပ်လောက်ပဲမှတ်မိတော့တဲ့အိပ်မက်ကိုပြန်စဉ်းစားနေမိတယ် ။ အခုထိမတွဲဖူးသေးပေမဲ့လမ်းခွဲတဲ့အိပ်မက်က ချစ်ခင်ကြည်နူးနေကြတဲ့အိပ်မက်ထက်ပိုယုတ္တိရှိသလိုပါပဲ ။ ရိပေါ်ကိုကြိုက်တာကကြိုက်တာပဲလေ ။
ဆီနဲ့ရေလိုကွာခြားနေတဲ့အကျင့်တွေက လူနှစ်ယောက်ကိုဘယ်လိုကြာကြာချည်ထားနိုင်မှာလဲ ။ကျောင်းရောက်လာတော့ ရိပေါ်ကိုလှမ်းမြင်လိုက်ရပေမဲ့ မသိယောင်ဆောင်ပြီးကျော်လာလိုက်တယ် ။ အိပ်မက်က ဝေဝေဝါးဝါးဆိုပေမဲ့ တကယ်ကြီးလမ်းခွဲခံထားရသလိုခံစားနေရတယ်။ ရှောင်းကျန့်ရဲ့အစိုးမရတဲ့မျက်လုံးက
ရုတ်တရတ်ကြီးမျက်ရည်ထကျနေမှ အရှက်တွေကွဲဦးမယ် ။ရိပေါ်ခြေလှမ်းကိုရပ်ပြီး ခါးကုန်းကုန်းနဲ့အတန်းထဲဝင်သွားတဲ့ ကောင်လေးကိုလှမ်းကြည့်နေလိုက်တယ်။ မတွေ့သွားဘူးလား? ။ ရိပေါ်ကိုယ်ကိုပြန်ငုံ့ကြည့်လိုက်တယ် ။ သူ့ပုံစံကအနောက်ကမြင်ရလည်းသိသာပါတယ် ။
ကြွေချင်လို့ယိမ်းနေတဲ့ရွက်အိုတွေကိုငေးရင်း ရှောင်းကျန့်သက်ပြင်းချမိနေတာ ဘယ်နှကြိမ်မှန်းမသိတော့ ။
"မြက်စိမ်းလေး? "
"ဟင် "
"အသံကပါ ဘာအသံလဲ? နေမကောင်းဘူးလား"
"နေကတော့ ကောင်းပါတယ် ၊ ရင်ထဲကမကောင်းလို့ "
"ဟမ်? "
"ပြောလည်း မင်းတို့မသိပါဘူးကွာ "
ကျန်တဲ့လူတွေပါ
ရှောင်းကျန့်ကိုအထူးအဆန်းပုံနဲ့လှည့်ကြည့်လာပေမဲ့ နောက်အတန်းစဖို့ဘဲလ်သံမြည်လာတာမို့ စပ်စုကြဖို့အခွင့်အရေးဖြင့်မရလိုက်ပါလေ ။စက္ကန့်တံတွေတာဝန်ကျေကျေခုန်ဆင်းနေတဲ့အသံကိုနားထောင်ရင်းရှောင်းကျန့်အိပ်ငိုက်လာတယ် ။ စာအုပ်ချက်ချင်းထပ်လိုက်ရမှာသာမဟုတ်ရင်သူခိုးအိပ်လိုက်ပြီ ။ သူ့ခုံက နာရီနဲ့
တအားနီးတယ် ။ အတန်းထဲ တိတ်ဆိတ်သွားရင် နာရီစက္ကန့်သံနဲ့ စာရေးသံ ၊ ခဲဖျက်သံ ၊ အသက်ရှုသံ နောက်ဆုံး ချောင်းတိုးတိုးလေးဆိုးတဲ့အသံကအစ သူ့ဦးနှောက်ကိုလာညှစ်ပြီး ချော့သိပ်နေသလိုခံစားရတယ် ။