ရှစ်ပွဲဆက်တိုက်အနိုင်ရလာပြီးတဲ့နောက် နောက်ဆုံးပြိုင်ပွဲမှာတော့ရိပေါ်အပြတ်အသတ်ရှုံးနိမ့်ခဲ့တယ် ။
"မင်းအတော်ဆုံးပဲ ၊ ချသွားတာအရမ်းမိုက်တယ် ငါသာဆို ပထမအချီမှာတင်နတ်ပြည်ရောက်နေလောက်ပြီ မင်းကိုယ်ထည်ကသံမဏိတွေနဲ့လုပ်ထားတာများလား လဲသွားတိုင်းပြန်ထလာတာကြောက်စရာကြီး "
ဖင်မထိုင်ချရသေးခင် စကားအများကြီးပြောပြီးပြီဖြစ်တဲ့ ကောင်လေးကိုရိပေါ်စိမ်းသက်စွာလှည့်ကြည့်လိုက်တယ် ။ ဟုတ်သားပဲ ။ တကူးတက လေယာဥ်တောင်လေးငါးနာရီစီးရတဲ့ခရီးကိုလိုက်လာပေးတဲ့ ရှောင်းကျန့်ရှိနေတာပဲ ။ မိဘတွေကလိုက်ချင်ပေမဲ့ တစ်ဖက်ပြိုင်ဖက်ကိုလေ့လာ
ကြည့်တော့ ဒီပညာရပ်ကိုအထူးပြုလေ့လာပြီး
နေ့စဥ်လေ့ကျင့်နေတဲ့ကစားသမား ။ ရိပေါ်လိုအပျော်တန်းကတက်လာတဲ့ကောင်လေးအနေနဲ့နိုင်ချေနည်းလွန်းတာကြောင့်အားလုံးကိုမလိုက်ဖို့တားခဲ့တာ ။ တဂျီဂျီနဲ့ အထုပ်ဆွဲပြီးလိုက်လာတဲ့ရှောင်းကျန့်ကိုတော့သူဘေးမဲ့သာပေးထားခဲ့တယ် ။ရှုံးနိမ့်တဲ့အချိန်တိုင်း ရိပေါ်အနားကလူတွေကိုမမြင်စေချင်ဘူး ။ သိသာသိစေမမြင်စေနဲ့ဆိုတဲ့သဘောတရားပေါ့ ။ နှစ်သိမ့်အားပေးခံရတာကသူနဲ့ အသားမကျ ။
ဟာတာတာကြီးဖြစ်နေခဲ့တဲ့ရင်ဘတ်က
ထူးထူးခြားခြားအသက်ဝင်လာတယ် ။ မေ့လျော့ထားတဲ့ဒါဏ်ရာတွေကတဆစ်ဆစ်နဲ့ ။"ဆေးလိမ်းပေးမယ် ၊ မင်းကဒါဏ်ရာတွေနဲ့မှပိုကြည့်ကောင်းနေသေးတယ် ကောင်မလေးတွေအကြိုက် ကိုရီးယားကားထဲကလူမိုက်ချောချောလေးတွေလိုပဲ "
"ဆေးကြိုပြင်လာတာလား "
"ပွဲပြီးမှအနားကဆိုင်မှာပြေးဝယ်တာပါ .... မင်းလည်း တစ်ယောက်ထဲနေပြီး အချိန်ယူဖို့လိုမယ်ထင်လို့လေ "
"မလည်မဝယ်နဲ့ အန္တရာယ်ကိုမကြောက်တတ်ဘူး မင်းကတော့ "
"ဒီနေရာကငါ့ပိုင်နက်ပဲလေ ဘာကိုမလည်မဝယ်ရှိရမှာလဲ ၊ ငါ့အိမ်က ဒီနဲ့ဆိုတစ်ဘလောက်ကျော်လေးတင် "
"မင်းအိမ်ကိုမဝင်တော့ဘူးလား "
"အဖွားက မင်းအနားမှာပဲနေရမယ်တဲ့
လျှောက်မသွားရဘူးပြောတယ် "