အိပ်ဆောင်ကနှစ်ယောက်ခန်းဆိုပေမဲ့ အတော်လေးကျဉ်းပြီးနှစ်ထပ်ကုတင်တစ်လုံး ၊စားပွဲတစ်လုံးသာပေးထားတယ် ။
"ရိပေါ်ထတော့ ငါဗိုက်ဆာပြီ "
"သွားစားလေကွာ "
"လိုက်ခဲ့လေ "
"နေလို့မကောင်းလို့ မထချင်ဘူး "
ရှောင်းကျန့်မျက်မှောင်ကျုံ့လိုက်တယ် ။ ဝမ်ရိပေါ်ဆိုတာ သံမဏိလူသားမဟုတ်ဘူးလား ။
"ဘယ်ကဘာဖြစ်လို့လဲ "
"မသိဘူး "
"အဲ့ဒါဆိုဘာစားမလဲ? ဝယ်လာခဲ့မယ်လေ "
"အဆင်ပြေတာ "
"ဂရုစိုက်ဦး "
"လာဂရုစိုက်ပေး "
"ဦးနှောက်မှာတက်ဖျားနေတာလား "
"အာဘွားပေး "
ဒီကောင်လာဆွနေတာ ။ ပါးပေါက်အောင်ဖက်နမ်းလိုက်ရင်လည်းကောင်းကုန်ဦးမယ် ။ ဟိုတလောက မရိုးမသားစနောက်တာတွေလုပ်ပြီးထဲက အာဘွားပေးဆိုတာကိုကြုံတိုင်းပြောနေတော့တာ ။ အာဘွားတကယ်ကြီးပေးချင်နေတဲ့
ရှောင်းကျန့်အတွက်တော့ ရိပေါ်တစ်ခါစတိုင်းမနည်းစိတ်ထိန်းနေရတယ် ။"စောင်ခြုံထား "
"ပေး " [အာဘွား]
ဟူး ။ မနက်စာတောင် မစားချင်တော့ဘူး ။
ရည်းစားထားပြီး ရည်းစားကိုပဲထိုင်စားချင်လိုက်တော့တယ် ။. . .
ကျောင်းအတွက်မနက်ပိုင်းတစ်ဆောင် ၊
ညပိုင်းတစ်ဆောင်ဆိုပြီး အခန်းပြောင်းရွှေ့ကာသင်ရတယ် ။ တစ်ခန်းမှာတော့သူတို့ခုံချင်းကပ်လျက်ထိုင်ရပြီး ၊ တစ်ခုံစီချထားတဲ့အခန်းမှာတော့ အရှေ့နောက်ထိုင်ရတယ် ။ ရိပေါ်ရဲ့ကျောပြင်ငေးရတာကိုသဘောကျပေမဲ့ ရိပေါ်ကအနောက်မှာပေးမထိုင် ။ သူတို့ရထားတဲ့နေရာက နောက်ဆုံးနားလောက်သွားကျပြီး နောက်ဆုံးတန်းမှာကျောင်းဘူလီတွေလိုမျိုး ခပ်ဂျစ်ဂျစ်ကောင်တစ်အုပ်ရှိတယ် ။ ပထမရက်ကတော့ ရှောင်းကျန့်ကိုနောက်မှာပေးထိုင်ပါတယ် ။ ဘူလီတစ်အုပ် ရှောင်းကျန့်ကိုစက္ကူလုံးတွေနဲ့
နောက်ကပေါက်နေတာကို ရိပေါ်မြင်သွားပြီး ချက်ချင်းနေရာထပြောင်းခိုင်းတော့တာပဲ ။