အပိုင်း - ၃၀၅

918 32 0
                                    

Unicode
အပိုင်း ၃၀၅ - ဒါက တိုက်ဆိုင်မှုမဟုတ်ပါဘူး။

သို့သော်လည်း သူက

“သခင်လေးယင်း ၊ မင်းကို ကူညီဖို့ လိုအပ်လား”

လို့ မေးတော့ ယင်းရှောင်ကျဲက အလွန်အမြန်ပဲ  ငြင်းဆန်လိုက်သည်။

ယင်းရှောင်ကျဲသည် သူ့နဖူးကို လက်ဖြင့်ကိုင်ကာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် အသံတိုးတိုးလေးဖြင့်

“မလိုပါဘူး”

ဟုပြောကာ တံခါးဖွင့်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။

ဆောင်းဦးပေါက်နေပြီ ဖြစ်သည်။ ည၏လေနုအေးသည် သူ့မျက်နှာကို တိုက်ခတ်ရင်း အရက်ကြောင့် ဖြစ်ပေါ်လာသော အပူများကို ဖယ်ထုတ်လိုက်ရာ သူ့အား ပိုသက်တောင့်သက်သာဖြစ်စေသည်။

မလိုအပ်ကြောင်း ထပ်မံအတည်ပြုပြီး ကားမောင်းသူက မောင်းထွက်သွားတော့သည်။

ယင်းရှောင်ကျဲ သည် လမ်းကြားတွင် ရုတ်တရက် ရပ်လိုက်ပြီး ကွန်ဒိုမီနီယံဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

မုရှောင်းရှောင် သည် ဤနေရာတွင် မရှိသည်ကို သတိရမိသည်။ သူမသည် ယင်းအိမ်တော်မှာ အခုလက်ရှိ နေထိုင် နေသည်။ဒါ့ကြောင့်  ကွန်ဒိုကို ပြန်မယ့်အစား အဲဒီကို သွားသင့်တယ်။

သူသည် ငြိမ်သက်နေပုံရသော်လည်း အရက်များစွာ သောက်ခဲ့သေးသည်။ သူ့ခေါင်းသည် အရက်ကြောင့် ပူနေပြီး အနည်းငယ် တုန်နေသေးသည်။

သူ့ကိုယ်သူ အားနည်းတဲ့ဘက်ကို တခြားသူတွေကို မပြဖို့ ကျင့်လာခဲ့ရတဲ့အတွက် စိတ်ကို တည်ငြိမ်အောင် အရင် ကြိုးစားလိုက်ရသည်။

သူ့စိတ်ထဲတွင် တစ်ခုတည်းသော အရာမှာ အိပ်နေသော မုရှောင်းရှောင် ကို ပွေ့ဖက်ရန်အတွက် ယင်းအိမ်တော်ကို အမြန်ပြန်ရန်ဖြစ်သည်။

လမ်းလျှောက်ထွက်ဖို့ နောက်ပြန်လှည့်ခါနီးမှာ အသံတစ်ခုက သူ့အနောက်ကနေ ထွက်လာသည်။

" ရှောင်ကျဲ! ဘာလို့ အိမ်ပြန်နောက်ကျနေတာလဲ"

အန်းဇီရှင်း က ခပ်ပြုံးပြုံးဖြင့် ကွန်ဒိုမှ အမြန်ပြေးထွက်လာသည်။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now